ဗီယက်နမ်ဇနီးကို စိမ်ပြေနပြေရိုက်နှက်ခဲ့တဲ့ ခင်ပွန်းသည် ဖမ်းဆီးခံရ

2020-02-19 09:58:25


ဗီယက်နမ်ဇနီးကို စိမ်ပြေနပြေရိုက်နှက်ခဲ့တဲ့ ခင်ပွန်းသည် ဖမ်းဆီးခံရ

ဗီယက်နမ်ဇနီးကို စိမ်ပြေနပြေရိုက်နှက်ခဲ့တဲ့ ခင်ပွန်းသည် ဖမ်းဆီးခံရ


ကိုရီးယားအမျိုးသားတစ်ဦးဟာ သူရဲ့ ဗီယက်နမ်ဇနီးကို အချိန်(၃)နာရီကြာ စိမ်ပြေနပြေ နှိပ်စက်ရိုက်နှက်ခဲ့ပါတယ်။ သူတို့ရဲ့ သားလေးရှေ့မှာပင် ဇနီးကို အကြမ်းဖက် ရိုက်နှက်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဇနီးက လျှိုု့ဝှက် ဗွီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။အဓိက ပြဿနာကတော့ သူရဲ့ဇနီးဟာ ကိုရီးယားစကားမပြောတတ်လို့ အခုလို ရိုက်နှက်ရတာပါတဲ့။ သူ့အမည်ကိုတော့ Kim လို့သာ ဖော်ပြထားပြီး၊ အသက်(၃၆)နှစ်ပါ။ ဇနီးကတော့ အသက်(၃၀)ပါ။ ရိုက်နှက်ခံရလို့ နံရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး၊ ဆေးကုသမှု ခံနေရပါတယ်။


Kim ကို ဇူလိုင်(၆)ရက်စနေနေ့က ဝရမ်းမပါဘဲ၊ ရဲတပ်ဖွဲ့က အရေးပေါ်ဖမ်းဆီးခဲ့ပြီး၊ အထူးကြီးကြပ်ရေး အချုုပ်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ သူ့ဟာ တစ်ခြား အချုပ်သားတွေကို တိုက်ခိုက်နိုင်တဲ့ သဘောမျိုး တွေ့နေရလို့ပါ။ Kim ဟာ ဇနီးကို ဇူလိုင်(၄)ရက်က ရိုက်နှက်ခဲ့တာပါ။ သူတို့လင်မယားဟာ South Jeolla စီရင်စု၊ Yeongam မှာ နေထိုင်ကြပါတယ်။ ဇနီးဖြစ်သူဟာ ကိုရီးယားအစားအစာကို ကျွမ်းကျင်စွာ ချက်တတ်ခြင်းမရှိဘဲ၊ ဗီယက်နမ်အစာတွေချည်း ချက်ကျွေးတာကလည်း တစ်ပြစ်လို့ ပြောပါတယ်။ ရဲကတော့ Kim ကို အာမခံမပေးဘဲ ရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။



လင်းဇော်ကို (D Nae Khit Media)