ဒေါသမထိန်းနိုင်လို့ ရန်ဖြစ်ကြရာမှ ကားနဲ့ တိုက်သတ်ခဲ့တဲ့ အဖြစ်

2019-08-12 15:51:33


ဒေါသမထိန်းနိုင်လို့ ရန်ဖြစ်ကြရာမှ ကားနဲ့ တိုက်သတ်ခဲ့တဲ့ အဖြစ်

မလေးရှားနိုင်ငံ၊ Bandar Baru Bangi မြို့အနီးက တောင်မြောက်အဝေးပြေး လမ်းပိုင်းမှာ အမျိုးသားနှစ်ယောက် ကားမတော်တဆမှု ဖြစ်ခဲ့ရာ၊ ပြင်းထန် ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း၊ နှစ်ဦးသား သူမှားတယ်၊ ကိုယ်မှားတယ် ငြင်းခုန်ကြရင်း ရန်ထပ်ဖြစ်ခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွယ် အမျိုးသားနဲ့ အသက်(၄၀)အရွယ် အမျိုးသားတို့ ဖြစ်ပါတယ်။


သူတို့တစ်တွေ ထိုးကြိတ်နေတာကို တစ်ခြားကားသမားတွေက ရပ်ပြီး ဖြန်ဖြေပေးခဲ့တာကြောင့် နှစ်ယောက်သား ကားပေါ်ကို ပြန်တက်ပြီး မောင်းထွက်သွားကြတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။ ဒါပေမယ့် အသက်(၂၉)နှစ်အရွယ် အမျိုးသားဟာ ဘယ်လိုမှ ဒေါသ မထိန်းနိုင်တာကြောင့်၊ ကားထဲကနေ




ဘေ့စ်ဘောရိုက်တံကိုယူကာ-(၄၀)နှစ်အမျိုးသားရဲ့ကားရှေ့ဖုန်းကို ပျက်စီးအောင်ရိုက်နှက်ခဲ့ပါသတဲ့။ ဒီမှာတင်ပဲ ကားထဲရောက်နေတဲ့ (၄၀)နှစ်အရွယ် အမျိုးသားက ဒေါသထွက်သွားပြီး၊ သူရဲ့ မီနီဘင်ကားနဲ့ ပြေးတိုက်ခဲ့ရာ၊ (၂၉)နှစ်အရွယ် အမျိုးသားမှာ ရှေ့မှာရပ်ထားတဲ့ မီနီဘင်ကားနဲ့ ညပ်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်


ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၁၀)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူကို Nilai Medical Centre ဆေးရုံဆီ သက်ဆိုင်ရာက အမြန်ဆုံး ပို့ပေးခဲ့သော်လည်း၊ အတွင်းကျေဒဏ်ရာတွေက ပြင်းထန်လို့ ဆေးရုံရောက်ပြီး မကြာမီမှာ သေဆုံးသွားကြောင်း သိရပါတယ်။သေဆုံးသူရဲ့ ညီမဖြစ်သူက


တရားခံကို အမြန်ဖမ်းဆီးနိုင်ဖို့ လူမှုကွန်ရက်ကနေ အကူအညီ တောင်းထားပါတယ်။ ရဲဘက်ကတော့ ဘာထုတ်ပြန်မှုမှ မရှိသေးပါဘူး။ သေဆုံးသူဟာ နံရိုးများကျိုးခြင်း၊ ဦးခေါင်းတွင်း သွေးယိုစိမ့်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒေါသကြောင့် ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ ဒေါသကြောင့် ဆုံးရှုံးရတာပဲ ရှိပါတယ်။


Source : WorldOfBuzz