စစ်မှူးထမ်းဟောင်းတွေကို တာဝန်ပြန်မထမ်းဆောင်ရင် ပင်စင်လစာမပေးဘူးလို့ SAC အကျပ်ကိုင်နေ


စစ်မှူးထမ်းဟောင်းတွေကို တာဝန်ပြန်မထမ်းဆောင်ရင် ပင်စင်လစာမပေးဘူးလို့ SAC အကျပ်ကိုင်နေ

စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့မှာ စစ်မှုထမ်းဟောင်းတွေကို SAC က တာဝန်ပြန်ထမ်းဆောင်ခိုင်းနေပြီး မလိုက်နာသူတွေကို ပင်စင်လစာမပေးဘူးလို့ဆိုကာ ခြိမ်းခြောက်အကျပ်ကိုင်နေတယ်လို့ သိရပါတယ်။


ရေစကြိုမြို့က စစ်မှူထမ်းဟောင်းတွေဟာ အသက်ကြီးပိုင်းတွေများပြီး ပင်စင်လစာကိုသာ မှီခိုနေကြရတာကြောင့် တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ရခက်ခဲတဲ့ အခြေအနေဖြစ်နေကြပြီး စီးပွားရေး အဆင်ပြေတဲ့ စစ်မှုထမ်းဟောင်းတွေကတော့ တာဝန်မထမ်းဆောင်ဖို့ ရွေးချယ်ကြတယ်လို့ သိရပါတယ်။


SAC က တာဝန်ပြန်ထမ်းဆောင်တဲ့ စစ်မှုထမ်းဟောင်းတွေကိုလည်း အရည်အသွေးမမီတဲ့ လက်နက်တချို့ကိုသာထောက်ပံ့ထားတာကြောင့် စစ်မှုထမ်းဟောင်းတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။


SAC တပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ အကျအဆုံးများနေတာကြောင့် အခုလို့ စစ်မှုထမ်းဟောင်းတွေကို အကျပ်ကိုင်တာဝန်ထမ်းဆောင်ခိုင်းနေတာဖြစ်တယ်လို့လည်း ပြောနေတာတွေ ရှိပါတယ်။


မွန်ပြည်နယ်မှာလည်း တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးတွေကို SAC တပ်တွေက သင်တန်းပေးပြီး တပ်ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံဆင်ကာ ရှေ့တန်းပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။