အဘွားအိမ်ပေါ်က မောင်းချလိုက်တုန်းက ရပ်ကွက်ထဲကပဲ ဟိုအိမ်ကခေါ်ကျွေး ဒီအိမ်ကခေါ်ကျွေး ဖြစ်ခဲ့ရတယ်ဆိုတဲ့ မြတ်သူသူဇင်ရဲ့ ဘဝအကြောင်း

2019-08-12 15:27:20


အဘွားအိမ်ပေါ်က မောင်းချလိုက်တုန်းက ရပ်ကွက်ထဲကပဲ ဟိုအိမ်ကခေါ်ကျွေး ဒီအိမ်ကခေါ်ကျွေး ဖြစ်ခဲ့ရတယ်ဆိုတဲ့ မြတ်သူသူဇင်ရဲ့ ဘဝအကြောင်း

ပရိသတ်တွေကြိုက်ကြတဲ့ “ပျားရည်အိုင်”ဇာတ်လမ်းတွဲမှာ မြညိုနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး မြတ်သူသူဇင်ဟာအနုပညာလောကထဲမှာ တက်သစ်စ သရုပ်ဆောင်လေးပဲဖြစ်ပါတယ်။


သူမရဲ့သရုပ်ဆောင်မှုတွေ ဇာတ်လမ်းအပေါ်အာရုံစိုက်မှုနဲ့ မြညိုကာရိုက်တာအပေါ်မှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့လို့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။

မြညိုလို့ နာမည်ဇာတ်ရုပ်ဖြစ်လာခဲ့တဲ့ မြတ်သူသူဇင်ရဲ့ဘဝကတော့ ထင်သလိုမလှပခဲ့ပါဘူး။

သူမရဲ့အဖွားဖြစ်သူ အိမ်ပေါ်ကနှင်ချလိုက်တုန်းက




ပစ္စည်းတွေနဲ့လူတွေ လမ်းဘေးမှာနေခဲ့ရပြီး သူမတို့မောင်နှစ်မကို ရပ်ကွက်ထဲက ဟိုအိမ်ကထမင်းခေါ်ကျွေး ဒီအိမ်ကထမင်းခေါ်ကျွေးတာကို စားခဲ့ရတယ်လို့ မျက်ရည်လေးကျရင်း ပေါ်ပြူလာ မီဒီယာမှာဖြေကြားထားပါတယ်။

” အမေဆိုရင်လည်း သူ့သူငယ်ချင်းအိမ်မှာသွားနေခဲ့ရတယ် ” လို့ သူမက ထပ်လောင်းပြောခဲ့ပါတယ်။




မိသားစုထဲမှာ အကြီးဆုံးဖြစ်ပြီး မိသားစုအဆင်မပြေမှုတွေနဲ့ သူမရဲ့ဘဝကို ရုန်းခဲ့ရတာနဲ့ သူမအနုပညာလောကထဲကို ရောက်လာတာကလည်း ဖြတ်လျှောက်ဘဝ တစ်ရက် ၅ ထောင်ရလို့ လုပ်ခဲ့ရင် ရောက်ခဲ့ရတာလို့ ဝမ်းနည်းဖွယ်ပြောပြခဲ့ပါတယ်။

သူမကိုယ်တိုင်ပြောပြခဲ့တဲ့ ဘဝအကြောင်းကို ရုပ်သံမှာ အပြည့်အစုံနားထောင်နိုင်ပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ




Credit – Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)Source Ref : Popular Journal