ရဟန္တာကြီးတွေ ဆွမ်းကပ်ခြင်းနဲ့ပတ်သက်ပြီး နောက်ကွယ်ကလူမသိသေးတဲ့ အကြောင်းတရားများ


ရဟန္တာကြီးတွေ ဆွမ်းကပ်ခြင်းနဲ့ပတ်သက်ပြီး နောက်ကွယ်ကလူမသိသေးတဲ့ အကြောင်းတရားများ

ရဟန္တာကြီးတွေ ဆွမ်းကပ်ခြင်းနဲ့ပတ်သက်ပြီး နောက်ကွယ်ကလူမသိသေးတဲ့ အကြောင်းတရားများ


ပုံမှန်အားဖြင့်ကိုယ့်အိမ်က ဘုရားစင်မှာ ဆွမ်းတော်တင်ထားတာက ကြွက်ကပဲလာနှိုက်စားနိုင်တယ်။ သရဲကလာနှိုက်မစားနိုင်ဘူး။ ဒါပေမယ့်အိမ်ရှေ့မွှေးတိုင်ထွန်းလိုက်တာက သရဲတွေအိမ်ထဲဝင်လာနိုင်တယ်လို့ ခွင့်ပြုပေးလိုက်တဲ့ သင်္ကေတဖြစ်တယ်။


မြင်အပ်မမြင်အပ်ဆိုတဲ့ထဲမှာ သရဲတွေလည်းပါတယ်။ နေစရာရှိတဲ့သူကတော့ သာဓုခေါ်စရာရှိတာခေါ်၊ စားစရာရှိတာစားပြီး ကိုယ့်နေရာကို ပြန်သွားမှာပဲ။


နေစရာမရှိတဲ့ ခပ်ဆိုးဆိုးသရဲတွေက မပြန်ပဲအိမ်ထဲ နေနေခဲ့မယ်။ တောကအမျိုးတွေ အလည်ခေါ်တယ်။ အလုပ်အကိုင်အဆင်ပြေတဲ့အမျိုးက လည်ပတ်ဘုရားဖူးပြီး ပြန်သွားတယ်။


အလုပ်အကိုင်အဆင်မပြေ စားဝတ်နေရေး ကြပ်တည်းနေတဲ့အမျိုးက မပြန်တော့ဘူးလေ။ အဲဒီသဘောအတိုင်းပဲ။ အိမ်ရှင်က ခေါ်ထားတဲ့သရဲဖြစ်နေလို့


အိမ်စောင့်နတ်ကလည်း နှင်ထုတ်နိုင်စွမ်း မရှိတော့ဘူး။ သတ်သတ်လွတ်ကပ်လို့ သရဲမကြိုက်ဘူး ဆိုကြသေးတယ်။ သရဲကငတ်နေတဲ့ သတ္တဝါအမျိုးအစားမို့ ရတာအကုန်စားတာ။ သတ်သတ်လွတ်တာ မလွတ်တာတွေရွေးမနေဘူး။


သရဲကစုပ်ခွက်ငါးထက်တောင် အစားပက်စက်သေးတယ်။ ဓမ္မပဒမှာပါတဲ့ သရဲတွေကြိုက်တဲ့ အစားအစာစာရင်းအရ သစ်သီးကလွဲရင် ထမင်းဖြူကအစ သရဲကကြိုက်တယ်။


ဆွမ်းစသည်လျော့နေတာ ခြေရာကျန်ခဲ့တာက သရဲကနောက်ထပ် ထပ်စားရအောက်လို့ ခွင်ဖန်တာက ဖြစ်ဖို့များတယ်။ နောက်ပြီးတော့ အထက်အညာရွာတစ်ရွာက ရခဲ့တဲ့နည်းဆိုပြီး ရေးထားတယ်။


အထက်အညာမှာက သရဲမွေးပြီး လုပ်စားနေကြတဲ့ ဘုန်းကြီးတွေလူတွေရှိတယ်။ မွေးထားတဲ့သရဲနဲ့ မွေးထားသူနဲ့ ဇာတ်တိုက်ပြီးလုပ်စားနေကြတာ။ သရဲမွေးထားသူတွေက ဘုန်းကြီးနေနေ လူနေနေ နောက်ပိုင်းမှာ သူမွေးထားတဲ့သရဲကြောင့် သေကြတာချည်းပါပဲ။


မွှေးတိုင်မထွန်းပဲ မြင်အပ်မမြင်အပ် စသည်ထည့်မဖိတ်ပဲ ရဟန္တာပဲရိုးရိုးပင့်ကြည့် ဘယ်ဆွမ်းမှမလျော့ဘူး။ ဘယ်ခြေရာမှမကျန်ခဲ့ဘူး။


Ashin Khema Nanda