သုံးစွဲသူစိတ်ကြိုက် News Feed ပုံစံ ပြောင်းနိုင်မယ့်နည်းလမ်း Facebook စမ်းသပ်နေ


သုံးစွဲသူစိတ်ကြိုက် News Feed ပုံစံ ပြောင်းနိုင်မယ့်နည်းလမ်း Facebook စမ်းသပ်နေ

Facebook မှာ သုံးစွဲသူတွေကို News Feed မြင်တဲ့ပုံစံ လိုသလို ပြောင်းလဲနိုင်မယ့် နည်းလမ်းသစ်တွေ စမ်းသပ်နေတယ်လို့ Meta က ကြေညာပါတယ်။ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ရဲ့ အဆိုအရ သုံးစွဲသူတွေဟာ ပလက်ဖောင်းပေါ်က ချိတ်ဆက်ထားတဲ့


သူတို့ရဲ့ မိတ်ဆွေ ၊ မိသားစုဝင်တွေ ၊ Groups နဲ့ Pages တွေဆီက သူတို့မြင်ရတဲ့ Content တွေကို အရေအတွက် အတိုး/အလျှော့ လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ကြာသာပတေးနေ့က Meta ရဲ့ ကြေညာချက်ထဲမှာ ဒီစမ်းသပ်မှုကို သုံးစွဲသူ အနည်းစုနဲ့ပဲ စတင်စမ်းသပ်သွားမယ်လို့ ဖော်ပြထားပါတယ်။


“Facebook သုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ News Feed အတွေ့အကြုံကို စိတ်ကြိုက် ပြင်နိုင်မယ့် ထိန်းချုပ်မှုသစ်တွေ စပြီး မိတ်ဆက်နေပါတယ်။ တခြား Third-Party မိတ်ဖက်တွေနဲ့လည်း ပူးပေါင်းပြီး News Feed အတွက် လိုက်ဖက်တဲ့ အမျိုးအစားသတ်မှတ်မှု Tool တစ်မျိုးလည်း ရေးဆွဲမယ့် အစီအစဉ်တွေ ရှိပါတယ်။”လို့ Meta က ထုတ်ပြန်ပါတယ်။


Facebook ဟာ News Feed Preference ထဲက Favorites ၊ Snooze ၊ Unfollow နဲ့ Reconnect တို့အပါအဝင် ရှိပြီးသား tools တွေကိုလည်း အသုံးပြုရပိုလွယ်အောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ နောက်သီတင်းပတ်တွေမှာ News Feed ပုံစံ စိတ်ကြိုက်ပြောင်းနိုင်မယ့် အစီအစဉ်ကို လူပေါင်းများစွာဆီ ရောက်အောင် ဖြည်းဖြည်းချင်း တိုးချဲ့သွားဖို့ ရှိပါတယ်။


အရင့်အရင် နှစ်တွေကလည်း Facebook ဟာ News Feed ပေါ်က Content ပြတဲ့ပုံစံကို အကြိမ်ပေါင်းများစွာ ပြောင်းခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်က Facebook News Feed တွေကို Close Friends တွေနဲ့


သူတို့နဲ့ဆက်စပ်တဲ့ Brands တွေ သတင်းဌာနတွေပေါ်က Content တွေ ဦးစားပေး ဖော်ပြဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၆ မှာ Facebook Algorithm ကို သူငယ်ချင်းတွေဆီက ပို့စ်တွေကို content publishers တွေထက် ပိုမြင်ရအောင် ပြောင်းခဲ့ပါတယ်။


၂၀၁၈ မှာ News Feed ကို လူပြောအများဆုံး အကြောင်းအရာတွေပဲ ပိုပြီး အသားပေး ဖော်ပြတဲ့ပုံစံ ပြောင်းမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၂၀ အရောက်မှာတော့ ပိုပြီး စိတ်ချရတဲ့ သတင်းအရင်းအမြစ်မှန်တွေဆီက Content တွေ ပိုတွေ့မြင်ရအောင် ပြောင်းခဲ့ပါတယ်။


အခုတစ်ခေါက် အပြောင်းအလဲမှာတော့ ကိုယ်ကြိုက်တဲ့ Content တွေ ပိုမြင်ရအောင် သုံးစွဲသူတွေအနေနဲ့ Customize လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


Credit Duwun