မြန်မာအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် လူမှောင်ခိုးပွဲစား တရားခံများအား ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီး

2019-07-26 22:31:39


မြန်မာအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် လူမှောင်ခိုးပွဲစား တရားခံများအား ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီး

မလေးရှားခိုးဝင်မည့် မြန်မာနိုင်ငံသားအုပ်စုမှ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် လူမှောင်ခိုးပွဲစား တရားခံများအား ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီး


ဒီကနေ့ နံနက်ပိုင်းက ထိုင်းမလေးနယ်စပ် စုန်ခလာ ခရိုင် ရဲတပ်ဖွဲ့ နဲ့  ခလေးနဲ့  အမျိုးသမီးများစောင်ရှော့က်ရေး အပြင် စစ်တပ်နဲ့  လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ တွေပူးပေါင်း ပြီးစဒေါင်မြို့  မဲနမ်း အမှတ်(၄) ရပ်ကွက်က နေအိမ်ကို ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြတာပါ။




ပထမနေအိမ်မှာ မြန်မာနိုင်ငံသား လူမှောင်ခို ၀င်းသန်း ၃၅နှစ် ပွဲစား Utin Sowin တင်စိုးဝင်း အသက် (၃၈)နှစ်ကို စတင်ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံရဲ့ ဖေါ်ထုတ်ချက်အရ ဟတ်ယိုင်မြို့  ကိုချင်းလမ်း ရှိ အိမ်နံပါတ် ၂၂၂/ ၁ မောင်ကမ္ဘာလင်၊ မောင်ခင် မောင် ၃၁နှစ် နဲ့ အတူ ဝေသန်း ၃၅ နှစ်တို့  သုံးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။


အဆိုပါ မြန်မာနိုင်ငံသားလူမှောင်ပွဲစားလေးဦးဟာ မြန်မာနိုင်ငံကနေ ထိုင်းမလေးနယ်အထိရောက်လာတဲ့ ခိုးဝင်မြန်မာနိုင်ငံသားတွေကို တောတွင်းမှာ ပေးနေထားပြီး မလေးကပွဲစားတွေဆီး လက်လွဲပေးနေသူတွေလို့  သိရပါတယ်။




အဆိုပါလူမှောင်ခိုသမားတွေထဲက တရားခံ ခင်မောင်နဲ့ တင်စိုးဝင်တို့ နှစ်ဦးဟာဇူလိုင်လ ၂၀ ရက်နေ့ က ရောက်လာ တဲ့ မြန်မာနိုင်ငံသား ၆၂ ဦးအုပ်စုကို ဆန်နဲ့ စားစရာ ရေ ပို့ ပေးနေရင်း အဆိုပါ မြန်မာနိုင်ငံသားအုပ်ထဲကအမျိုးသမီးတစ်ဦးကို တခြားနေရာကို ခေါ်ထုတ်သွားခဲ့ပြီး




အကြိမ်ကြိမ် အင်အားသုံးမုဒိမ်းကျင့်ခဲ့ကြတာကို မုဒိမ်းကျင့်ခံရတဲ့ အမျိးသမီးက ခလေးနဲ့  အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ တွေကို တိုင်ကြားခဲ့လို့  ခုလို ရဲတပ်ဖွဲ့ က ဆက်တိုက်ဖမ်းဆီး အရေးယူဆောင်ရွတ်နိုင်ခဲ့တာဖြစ်ပါတယ်။


SAW