သမီးမိုက်ကိုခွင့်လွှတ်ပါဟု စာရေးသားခဲ့ပြီး အပျိုကြီးတစ်ဦးကြိုးဆွဲချ သေဆုံးသွားခဲ့တဲ့ အဖြစ်

2020-02-14 23:31:10


သမီးမိုက်ကိုခွင့်လွှတ်ပါဟု စာရေးသားခဲ့ပြီး အပျိုကြီးတစ်ဦးကြိုးဆွဲချ သေဆုံးသွားခဲ့တဲ့ အဖြစ်

သမီးမိုက်ကိုခွင့်လွှတ်ပါဟု စာရေးသားခဲ့ပြီး အပျိုကြီးတစ်ဦးကြိုးဆွဲချ သေဆုံးသွားခဲ့တဲ့ အဖြစ်


သမီးမိုက်ကိုခွင့်လွှတ်ပါဟုစာရေးသားခဲ့ပြီးအပျိုကြီးတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


ဖေဖော်ဝါရီ(၁၄) မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နန်းတော်ကုန်းရပ်ကွက်နယ်မြေရှိအောင်မင်္ဂလာရပ်တွင်အသက်(၄၇)နှစ်အရွယ်အမျိုးသမီး(အပျိုကြီး)တစ်ဦးမှမိသားစုအားစာရေးသားထားခဲ့ပြီးမိမိကိုယ်ကိုကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်ဖေဖော်ဝါရီ(၁၃)ရက်နေ့ညနေ(၆း၃၀)အချိန်ခန့်မိတ္တီလာမြို့မရဲစခန်းဒုရဲအုပ်ထက်ဇော်ဌေးမှတာဝန်မှူးဆောင်ရွက်နေစဉ်နန်းတော်ကုန်းရပ်ကွက်နယ်မြေရှိအောင်မင်္ဂလာရပ်တွင်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရစခန်းမှူး ဒုရဲမှူးကျော်ထင် နယ်ထိန်းတက ဇော်သန်းတို့နှင့်သွားရောက်ပြီးအခင်းဖြစ်နေရာအားသက်သေရာအိမ်မှူးများနှင့်အတူကြည့်ရှုစစ်ဆေးရာ


အောင်မင်္ဂလာရပ်နေဒေါ်နုနုရီ(၄၇)နှစ်(အိမ်ထောင်မရှိ/အပျိုကြီး)(စိတ်ပုံမှန်မရှိသူ)မှာ၎င်း၏နေအိမ်နှစ်ထပ်တိုက်အပေါ်ထပ်ဘုရားခန်းတောင်ဘက် ပြတင်းပေါက်အမြင့်(၉)ပေခန့်ရှိပြတင်းပေါက်သံတိုင်တွင် အရှည်(၅)ပေခန့်ရှိယောဂီတဘက်အားချည်၍လည်ပင်းကြိုးကွင်းစွပ်ပြုလုပ်လျက်ဦးခေါင်းနှင့်သံတန်း(၁)ပေခန့်အကွာလျှာထွက် ဒူးကွေးအနေအထားဖြင့်ခြေထောက်အောက်တွင်ပန်းရောင်ပလပ်စတစ်ခုံအားအသုံးပြူပြီးကြိုးဆွဲချသေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရသည်ကြိုးဆွဲချသေဆုံးနေသူဒေါ်နုနုရီအလောင်းအနီးမှ”အမေ့ကိုကန်တော့ခဲ့ပါတယ်အမေနဲ့ဆွေမျိုးသားချင်းမိသားစုတွေအပေါ်မှာစိတ်ချမ်းသာအောင်မထားနိုင်လို့ ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်တယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်တော့လို့ အခုလိုလုပ်လိုက်ရတာဘာ သမီးမိုက်ကိုခွင့်လွှတ်ပါ ဟုစာတစ်စောင်ရေးသားထားခဲ့သည်ကိုတွေ့ရှိရကြောင်းသိရသည်။


သေဆုံးသူအလောင်းအားမေတ္တာနိုင်လူမှုကူညီရေးယာဉ်ဖြင့်ရဲစခန်းဆေးစာနှင့်အတူပြည်သူဆေးရုံသို့ပို့အပ်ပေးပြီးဒေါ်နုနုရီသေဆုံးရခြင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သေဆုံးခြင်းသိရှိနိုင်ရေးအတွက်မိတ္တီလာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၃/၂၀၂၀)ဖြင့်ရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


Copy ဝေ ယံ သင်္ဃန်းကျွန်း


သင်္ဃန်းကျွန်း သတင်းစုံ