လူသေအလောင်းရဲ့ ဦးခေါင်းကို ဖြတ်ယူခဲ့သူရဲ့၊ နောက်ကွယ်က အကြံအစည်

2020-02-14 22:00:30


လူသေအလောင်းရဲ့ ဦးခေါင်းကို ဖြတ်ယူခဲ့သူရဲ့၊ နောက်ကွယ်က အကြံအစည်

လူသေအလောင်းရဲ့ ဦးခေါင်းကို ဖြတ်ယူခဲ့သူရဲ့၊ နောက်ကွယ်က အကြံအစည်


ဂါနာနိုင်ငံမှာ အမျိုးသားတစ်ယောက်ဟာ သချႋုုင်းက အုတ်ဂူတစ်ခုကို တူးဖော်ပြီး လူသေအလောင်းဆီကနေ ဦးခေါင်းကို ဖြတ်ယူခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက် နောက်ကွယ်မှာ ကျူးလွန်သူ အမျိုးသားက အကြံအစည်တွေ ရှိနေပါတယ်။ ဒီအဖြစ်အပျက်ဟာ Ogun မြို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီအမျိုးသားဟာ ခေါင်းပြတ်ကို သူ့ကို ချမ်းသာအောင်လုပ်ပေးနိုင်မယ့် အဆောင်ယတြာအဖြစ် ယုံကြည်နေပါတယ်။ သူဟာ မှော်စာအုပ်လို ခပ်ကြောင်ကြောင် စာအုပ်တစ်ခုထဲက ဖတ်ပြီးနောက်၊ သူရဲ့ အိမ်နီးနားချင်းတစ်ဦး သေဆုံးတဲ့အခါမှာ ဒီအကြံအစည်ကို အကောင်အထည်ဖော်တာပါ။

သူ့အမည်ကတော့ Samson Erinle လို့ သိရပါတယ်။ သူဟာ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း အလောင်းကို မြှုပ်နှံထားလို့ (၉)ရက်အကြာမှာပဲ သချႋုင်းကို ဖောက်ထွင်းခဲ့တာပါ။ အဲဒီနောက် ခေါင်းကို ဖြတ်တောက်ယူငင်လာခဲ့ပြီး၊ ဂါထာစသည်တို့နဲ့ စီရင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီအကြံအစည်ကို Samson ရဲ့သူငယ်ချင်း Waidi Soremi က အခါပေးခဲ့တာပါ။ Waidi ဟာ ဒေသခံဆေးဆရာရဲ့သားဖြစ်ပြီး၊ သူရဲ့ဖခင်မဆုံးခင်မှာ ပေးခဲ့တဲ့စာအုပ်ထဲမှာ လူသေခေါင်းကနေ ငွေဝင်လာအောင် မှော်ပညာနဲ့လုပ်နည်း စတာတွေကို ဖော်ပြထားပါသတဲ့။



Samson ဟာ ငွေရေးကြေးရေးအတော်လေး ခက်ခဲနေသူဖြစ်လို့ အခုလို ကြံစည်ခဲ့ရတာပါတဲ့။ ဒီနည်းကနေ သူ့ကို အမြန်ချမ်းသာစေမယ်လို့ ယုံကြည်ပါတယ်။ Samson နဲ့ Waidi တို့နဲ့အတူ အခြား ပြစ်မှုကျူးလွန်သူတစ်ဦးကို ဒေသခံတွေက အမြန်ဖော်ထုတ်နိုင်ခဲ့ပြီး ရဲလက်ကို အပ်ခဲ့တာပါ။ လောလောဆယ်တော့ ရဲက သူတို့ကို စစ်ဆေးနေပါတယ်။ လင်းဇော်ကို (D Nae Khit)