မင်းပြားတိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး ဒဏ်ရာရ

2020-02-14 21:09:27


မင်းပြားတိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး ဒဏ်ရာရ

မင်းပြားတိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေကားလမ်းမအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်က “တိုက်ပွဲမှာ အရပ်သားသုံးယောက်ဒဏ်ရာရထားတယ်ခင်ဗျ။ တယောက်က ဝမ်းဗိုက်မှာဒဏ်ရာရတယ်။ နောက်တယောက်မှာတော့ ညာဘက်ပေါင်မှာ ဒဏ်ရာရတယ်။ နောက်မြစ်နားရွာက တယောက်တော့ ဦးခေါင်းဒဏ်ရာရသွားတယ်။ အခုတော့သူတို့မင်းပြား ဆေးရုံမှာ ဆေးကုသနေမှုခံနေတယ်။ အဲ့ဒီလူနာသုံး ယောက်ထဲက နှစ်ယောက်ကို စစ်တွေဆေးရုံကို ဒီနေ့ပို့ဖို့လုပ်နေတယ်။” ဒဏ်ရာရတဲ့သူ ၃ ဦးထဲမှာ ဝခေါက်ချောင်းကျေးရွာသား အသက် ၆၀ အရွယ် ဦးကြာထွန်းအောင်က ဝမ်းဗိုက်မှာဒဏ်ရာရရပြီး မကွေးတိုင်းနတ်မောက်မြို့က ဦးသံချောင်း အသက် ၅၉ နှစ်က ညဖက်ပေါင်မှာဒဏ်ရာရရှိကာ မင်းပြားမြို့နယ် ငစိုင်းရိုင်းချောင်းကျေးရွာ မြစ်နားရွာက ဦးအောင်မြင့်အသက် ၆၇ ခုနှစ်တော့ ဦးခေါင်းမှာ အသီးသီးဒဏ်ရာရရှိခဲ့တာပါ။


ရာမောင်တံတားအနီးက အမ်းသားရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌကို အမ်းသားကြီး က ”တိုက်ပွဲက မရပ်သေးဘူး။ အခုအချိန် အထိတိုက်ပွဲက ဖြစ်နေတုန်းပဲလေ။ ၃နာရီ ၄၇ မိနစ်ရှိပြီ၊ မနက်ကတည်းကဖြစ်နေတာ။ စိုးရိမ်ရတာတခုကေတော့ ကျည်ဆန်တွေနေအိမ်တွေပေါ်ကျတယ်။ အိမ်ခေါင်မိုးတွေဖောက်သွားတယ်။” လို့ ပြောပါတယ်။ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုတော့ မင်းပြားမြို့အထက် ကျိန်တောင်ဘုရားစေတီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း မင်းပြားမြို့ခံတွေက ပြောပါတယ်။ DVB TV News