နေအိမ်သို့ လာရောက်ဆဲဆိုနေသူကို ဆဲဆိုခံရသူက ကတ်ကြေးဖြင့် ထိုးသတ်

2020-02-14 21:05:03


နေအိမ်သို့ လာရောက်ဆဲဆိုနေသူကို ဆဲဆိုခံရသူက ကတ်ကြေးဖြင့် ထိုးသတ်

နေအိမ်သို့ လာရောက်ဆဲဆိုနေသူကို ဆဲဆိုခံရသူက ကတ်ကြေးဖြင့် ထိုးသတ်


ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် တွင် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ ည (၈)နာရီခွဲအချိန်ခန့်က လူသတ်မှု ဖြစ်ပွားကြောင်း သိရသည်။ စန်းမျိုးထွန်း(ခ)ကုလားညောင်က ယခင် ၎င်းနှင့် စကားများဖူးသူ နေအိမ်ရှေ့သို့သွားရောက် ဆဲဆိုတယ်။ ဆဲဆိုသူ၏ ဇနှီးဖြစ်သူက စကားများရန်ဖြစ်ကြမည် စိုးရိမ်သဖြင့် သွားရောက်ခေါ်ယူပြီး၊ နေအိမ်သို့ပြန်လာရာ လမ်းတွင် အသိတစ်ဦးနှင့်တွေ့၍ ၎င်းအသိနေအိမ်၌ စကားပြောဆိုနေစဉ် အဆဲခံရသူမှ နောက်ကလိုက်လာပြီး နေအိမ်ပေါ်သို့တက်ကာ အသင့်ယူဆောင်လာသော ကတ်ကြေးဖြင့် စန်းမျိုးထွန်း(ခ)ကုလားညောင်အား ထိုးသတ်ကြောင်း ဆိုသည်။

ကတ်ကြေးနဲ့ ထိုးတာကို လက်နှင့်ကာလိုက်သဖြင့် ဝဲဘက်တစ်တောင်ဆစ် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ထိုးမိတယ်။ ကတ်ကြေးက (၂)ခြမ်းကွဲသွားတယ်။ အိမ်ရှင်မှ ၎င်း၏နေအိမ်ပေါ်တွင် ရန်မဖြစ်ကြရန် ပြောဆိုမှုကြောင့် ၎င်းနေအိမ်ပေါ်မှ ပြန်ဆင်းလာပြီး လမ်းမပေါ်အရောက် ကတ်ကြေးဖြင့် ထိုးသူက အနောက်မှ လိုက်လာသောကြောင့် သေဆုံးသူ စန်းမျိုးထွန်းက မင်းမကျေနပ်သေးဘူးလား၊ မကျေနပ်ရင် ထပ်ထိုးဟု ပြောရာ ၎င်းက ကတ်ကြေးနှစ်ခြမ်းလုံး ပူးကိုင်ပြီး ကတ်ကြေးဖြင့် ထပ်မံထိုးသတ်ခဲ့ကြောင်း သေဆုံးသူ၏ ဇနှီးဖြစ်သူ ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်အရ သိရသည်။


ကတ်ကြေးနဲ့ ထိုးတာကို လက်နှင့်ကာလိုက်သဖြင့် ဝဲဘက်တစ်တောင်ဆစ် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ထိုးမိတယ်။ ကတ်ကြေးက (၂)ခြမ်းကွဲသွားတယ်။ အိမ်ရှင်မှ ၎င်း၏နေအိမ်ပေါ်တွင် ရန်မဖြစ်ကြရန် ပြောဆိုမှုကြောင့် ၎င်းနေအိမ်ပေါ်မှ ပြန်ဆင်းလာပြီး လမ်းမပေါ်အရောက် ကတ်ကြေးဖြင့် ထိုးသူက အနောက်မှ လိုက်လာသောကြောင့် သေဆုံးသူ စန်းမျိုးထွန်းက မင်းမကျေနပ်သေးဘူးလား၊ မကျေနပ်ရင် ထပ်ထိုးဟု ပြောရာ ၎င်းက ကတ်ကြေးနှစ်ခြမ်းလုံး ပူးကိုင်ပြီး ကတ်ကြေးဖြင့် ထပ်မံထိုးသတ်ခဲ့ကြောင်း သေဆုံးသူ၏ ဇနှီးဖြစ်သူ ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်အရ သိရသည်။ Top Phoenix Media Group