ညောင်လေးပင်တွင် ကန်စွန်းရွက်ခူးရာမှ ၇ နှစ်မိန်းကလေးနှင့်အဒေါ်ဖြစ်သူ ရေနစ်သေဆုံး

2020-02-14 16:46:28


ညောင်လေးပင်တွင် ကန်စွန်းရွက်ခူးရာမှ ၇ နှစ်မိန်းကလေးနှင့်အဒေါ်ဖြစ်သူ ရေနစ်သေဆုံး

ညောင်လေးပင်တွင် ကန်စွန်းရွက်ခူးရာမှ ၇ နှစ်မိန်းကလေးနှင့်အဒေါ်ဖြစ်သူ ရေနစ်သေဆုံး


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မယ်ဇလီခင်ကျေးရွာမှာ ​ဖေ​​ဖော်ဝါရီ ၁၃ ရက်​နေ့က ကန်စွန်းရွက်သွားခူးရာမှ ၇ နှစ်အရွယ်မိန်းကလေးနဲ့ အဒေါ်ဖြစ်သူတို့​ ရေနစ်သေဆုံးခဲ့တယ်လို့ မြို့မစခန်းမှူးက​ ပြောပါတယ်။ ​မြို့နယ်​ပြည်သူ့​ဆေးရုံမှာ ​ရေနစ်​သေဆုံး​နေတဲ့ အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး ​ရောက်ရှိ​ နေ​​ကြောင်း ​မြို့နယ်ဆရာဝန်း​ကြီးက ဖုန်းဆက်အ​ကြောင်း​ကြားတာ​​ကြောင့် သက်သေတွေနဲ့ သွား​ရောက်စစ်​ဆေးရာ မပိုးအိစံ ၂၈ နှစ်နဲ့ မဇွန်မီမီဇော် ၇ နှစ်တို့ နှုတ်ခမ်း​ပြာပြီး သေဆုံး​နေတာ​ တွေ့ရတယ်လို့ ​မြို့မစခန်းမှူး ဒုရဲမှူး ​ဌေးဝင်းက ​ပြောပါတယ်။ ​ရေနစ်​​သေဆုံးတာနဲ့ပတ်သက်​​​ပြီး မိခင်ဖြစ်သူကို မေးမြန်းရာမှာ သမီးဖြစ်သူ မပိုးအိစံနဲ့ တူမဖြစ်သူ မဇွန်မီမီဇော် တို့နှစ်ဦးဟာ မယ်ဇလီခင်ကျေးရွာ အနောက်ဘက်မှာရှိတဲ့ ရေအိုင်မှာ ကန်စွန်းရွက်ခူးဖို့ ထွက်သွားရာက ပြန်မလာတဲ့အတွက် လိုက်လံရှာဖွေရာမှာ ​ရေအိုင်အတွင်း ရေနစ် သေဆုံးနေတာကို​ တွေ့ရှိတာ​​​​​ကြောင့် မြို့နယ်​ပြည်သူ့ဆေးရုံကို​ ပို့​ဆောင်ခဲ့တာလို့ ပြောဆိုကြောင်း မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ​ပြောပါတယ်။


“နှစ်​ယောက်စလုံးမှာတော့ ပြင်ပဒဏ်ရာ မတွေ့ရှိရဘူး။ ရင်ခွဲစစ်ဆေးရာမှာ အဆုတ်ထဲ​ရေဝင်​ပြီး အသက်ရှူလမ်း​ကြောင်းပိတ်ပြီး သေတာလို့ ဆရာဝန်က မှတ်ချက်ပြုတယ်။” မပိုးအိစံနဲ့ မဇွန်မီမီဇော်တို့ ​သေဆုံး​တာနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မစခန်းက ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပြီး ​သေမှုသေခင်းအမှတ်နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း- နေလင်းထိုက်


DVB TV News