လူတစ်ဦးရဲ့ ဖမ်းဆီးခြင်းခံရပြီး တဏှာကျေးကျွန်ဘဝနဲ့ (၃၁)နှစ်ကြာ နေခဲ့ရတဲ့ အမျိုးသမီး

2020-02-14 15:24:54


လူတစ်ဦးရဲ့ ဖမ်းဆီးခြင်းခံရပြီး တဏှာကျေးကျွန်ဘဝနဲ့ (၃၁)နှစ်ကြာ နေခဲ့ရတဲ့ အမျိုးသမီး

လူတစ်ဦးရဲ့ ဖမ်းဆီးခြင်းခံရပြီး တဏှာကျေးကျွန်ဘဝနဲ့ (၃၁)နှစ်ကြာ နေခဲ့ရတဲ့ အမျိုးသမီး


လက်ရှိအချိန်မှာ အသက်(၄၉)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ Morella အမည်ရ အမျိုးသမီးဟာ အသက်(၅၆)နှစ်အရွယ် Matias Salazar ရဲ့ လိင်ကျေးကျွန်ဘဝမှာ ဆယ်စုနှစ်(၃)စုကျော်ကြာ နေထိုင်ခဲ့ရပါတယ်။ သူမဟာ တဏှာရူး Matias ရဲ့အခန်းကျဉ်းလေးထဲမှာ (၃၁)နှစ်ကြာ နေခဲ့ရတာပါ။ အခုဆိုရင် ဗင်နီဇွဲလားရဲတပ်ဖွဲ့က Matias ကို မုဒိမ်းမှု၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု၊ ပြန်ပေးဆွဲမှုစတာနဲ့ ဖမ်းဆီးထားပြီဖြစ်ပါတယ်။ Morella ဟာ အသက်(၁၇)နှစ်အရွယ်ကတည်းက Matias ရဲ့ပြန်ပြေးဆွဲမှုကို ခံခဲ့ရပြီး၊ နှစ်ရှည် အဓမ္မကျင့် ခံခဲ့ရတာပါ။


အနှစ်(၃၀)ကျော်အတွင်းမှာ Morella ဟာ တိရစ္ဆာန်တစ်ကောင်လို ရိုက်ပုတ်ခံရလိုက်၊ အဝတ်အစား ပေးမဝတ်ဘဲ လပေါင်းများစွာ လုံးတီးထားခံရလိုက်၊ သူ့ဆန္ဒကို မလိုက်လျှောရင် အစာမကျွေးပဲ အငတ်ထားခံရလိုက်နဲ့ လောကငရဲကို အရှင်လက်လက် ဆိုးဆိုးရွားရွား ခံခဲ့ရတာပါ။ဒါတင်မကသေးပါဘူး။ Morella ဟာ ဘာလုပ်လုပ် တဏှာရူး Matias ရဲ့ ခွင့်ပြုချက်ကို တောင်းခံရပြီး၊ အနည်းဆုံး ထိုင်ချင်တယ်၊ ထချင်တယ်ဆိုရင်တောင် Matias ကို ပြောပြီးမှာ လုပ်ရတယ်လို့ ဆိုပါတယ်။ ဗင်နီဇွဲလား သတင်းဝက်ဘ်ဆိုဒ် Cronica Uno ရဲ့ အဆိုအရတော့-Morella နဲ့ Matias တို့ဟာ လူငယ်ဘာဝ ချစ်သူဖြစ်ခဲ့ကြပါသတဲ့။ ဒါပေမယ့် Matias ဟာ ချစ်သူဖြစ်စကတည်းက အနိုင်ကျင့် နှိပ်စက်တာမျိုးတွေ ရှိတော့ Morella ရဲ့မိဘတွေက သဘောမတူပါဘူး။ ဒီလိုနဲ့ (၁၉၈၈)ခုနှစ်မှာ Morella တစ်ယောက် လူငယ်စိတ်နဲ့ ခိုးရာလိုက်ပြေးခဲ့ပါတယ်။


လနည်းနည်း ကြာလာတော့ Matias ရဲ့သရုပ်အမှန် ပေါ်လာခဲ့ပါတယ်။ Maracay မြို့က တိုက်ခန်းကျဉ်းကျဉ်းလေးကို ပြောင်းရွှေ့နေထိုင်ချိန်မှာတော့ အိမ်ပြန်ချင်တဲ့ Morella ကို အပြင်ထွက်ခွင့် မပေးတော့ပါဘူး။ ဒီလိုနဲ့ သူမဟာ အကျဉ်းစံဘဝ ရောက်ခဲ့ပြီး လောကငရဲကို ရင်ဆိုင်ခဲ့ရတာပါ။ ရဲကတော့ အမှုကို စစ်ဆေးနေဆဲပါ။ လင်းဇော်ကို (D Nae Khit)