"သားကြီး ဆောရီးကွာ" ပြော၍ လည်ပင်းဖက်ကာ ဓါးဖြင့်ထိုးသတ်

2020-02-14 15:20:21


"သားကြီး ဆောရီးကွာ" ပြော၍ လည်ပင်းဖက်ကာ ဓါးဖြင့်ထိုးသတ်

"သားကြီး ဆောရီးကွာ" ပြော၍ လည်ပင်းဖက်ကာ ဓါးဖြင့်ထိုးသတ်


လှိုင်သာယာမြိုနယ်တွင် ညအချိန် ဓါးထိုးမှုဖြစ်ပွားရာမှ လူငယ်တစ်ဦး သေဆုံးမှု ဖေဖော်ဝါရီ ၁၃ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန် မြောက်ပိုင်ခရိုင် လှိုင်သာယာမြို့နယ်နေ ဖခင်ဖြစ်သူမှာ ဖေဖော်ဝါရီ ၁၃ရက်နေ့ည ၁၀နာရီခွဲအချိန် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ၏ သူငယ်ချင်း နန္ဒာလင်းရောက်ရှိလာပြီး "ဦးလေး စိုးလင်းအောင်တော့ ဓါးထိုးခံရလို့"ဟု ပြောသဖြင့် လိုက်သွားခဲ့ရာ သားဖြစ်သူစိုးလင်းအောင် ၁၇နှစ်မှာ ဝဲဘက်ရင်ညွှန့်အောက် အရှည်(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ လဲကျနေသဖြင့် လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။


ဖြစ်စဉ်အား သား၏ သူငယ်ချင်းနန္ဒာလင်းအား မေးမြန်းကြည့်ရာ အဆိုပါညပိုင်းက ၎င်းနှင့်စိုးလင်အောင်တို့သည် ပေါ်ဆန်းမွှေး ၄လမ်းပေါ်သို့ရောက်ရှိချိန် နောက်မှလိုက်လာသည့် သူငယ်ချင်းများဖြစ်ကြသော ချမ်းမြေ့သူရိန်၊ ချစ်ကို ၊ဇော်ထက် လှိုင်သာယာမြို့နယ်နေသူနှင့် ဟိန်းမင်းသူ တို့ ၄ ဦးတွေ့ဆုံခိုက်တွင် ချမ်းမြေ့သူရိန်မှ"ဟေ့ကောင်" ဟုလှမ်းခေါ်ရာ စိုးလင်းအောင်မှ နောက်သို့ပြန်လှည့်ကြည့်ချိန် ချမ်းမြေ့သူရိန်မှ "သားကြီး ဆောရီးကွာ" ဆိုပြီး အသင့်ပါလာသော အရိုးအသွား(၆)လက်မခန့်ရှိ ခေါက်ဓါးမြောင်ဖြင့် လည်ပင်းဖက်ပြီး မျက်နှာချင်းဆိုင်မှ (၁)ချက်ထိုးလိုက်၍ ဓါးပြန်ဆွဲနှုတ်ကာ ချစ်ကို၊ ဇော်ထက်၊ ဟိန်းမင်းသူတို့ ၄ဦးမှာ ပေါ်ဆန်းမွှေး ၃လမ်းဘက်သို့ ထွက်ပြေးသွားပြီး အမှတ် ၁၁ရပ်ကွက် ယုဇနလမ်းရှိ ရေအနက်(၃)ပေခွဲခန့် ဒိုက်ပုံအတွင်း ဓါးမြှောင် အားလွှင့်ပစ်ခဲ့ကြောင်း ပြောပြသိရသဖြင့် သားဖြစ်သူအားသေဆုံးအောင်ဓါးဖြင့်ထိုးခဲ့သူ ချမ်းမြေ့သူရိန်နှင့် ပြစ်မှုကျူးလွန်သူအား ကာကွယ်ရန်အကြံဖြင့် သက်သေခံဓါးမြှောင်အား ဖျောက်ဖျက်ခဲ့သူ ချစ်ကိုတို့ (၂)ဦးအား ဥပဒေအရအရေးယူပေးပါရန် ဖခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းမှ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းမြေ့သူရိန် ၁၅နှစ်နှင့် ချစ်ကို ၁၄နှစ်တို့ နှစ်ဦးအား လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၄၁၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ညီညီ(လှိုင်သာယာ) Top Phoenix Media Group