ရခိုင်စစ်ဆင်ရေးမှာ တပ်မတော်က ဗိုလ်မှူးတစ်ဦး ကျဆုံး

2020-02-14 15:19:41


ရခိုင်စစ်ဆင်ရေးမှာ တပ်မတော်က ဗိုလ်မှူးတစ်ဦး ကျဆုံး

ရခိုင်စစ်ဆင်ရေးမှာ တပ်မတော်က ဗိုလ်မှူးတစ်ဦး ကျဆုံး


ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲမှာ တပ်မတော်က ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ ပါတယ်။ ကျဆုံးသူဟာ အမှတ် ၂၁၂ ခြေမြန်တပ်ရင်း (အင်းတိုင်) က ဗိုလ်မှူး မျိုးမင်းထိုက်ပါ။ ရခိုင်ပြည်နယ် စစ်ဆင်ရေးမှာ ကျဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းကြားစာကို မိသားစုဝင်တွေဆီ တပ်မတော်က ပို့လာတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ရေကြည်တစ်ပေါက် ပရဟိတလူမှုရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမင်းခိုင်က RFA ကို အတည်ပြုပြောပါတယ်။ သူဟာ ရခိုင်ပြည်နယ်ကို သွားရောက်တာဝန်ထမ်းဆောင်နေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၃၇ နှစ်ရှိပါပြီ။ တပ်မတော်နဲ့ AA တိုက်ပွဲကာလ တစ်နှစ်ကျော်လာနေချိန်မှာ အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များလာသလို နှစ်ဖက်ကျဆုံးသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ နှစ်ဖက်ပြောခွင့်ရှိသူတွေကတော့ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။


RFA Burmese