ယောင်းမဖြစ်သူ (၂၇)နှစ်အရွယ် အမျိုးသမီးအား လူသတ်မီးရှို့မှု တရားခံ၏ ဖြောင့်ချက်

2020-02-14 14:38:34


ယောင်းမဖြစ်သူ (၂၇)နှစ်အရွယ် အမျိုးသမီးအား လူသတ်မီးရှို့မှု တရားခံ၏ ဖြောင့်ချက်

ယောင်းမဖြစ်သူ (၂၇)နှစ်အရွယ် အမျိုးသမီးအား လူသတ်မီးရှို့မှု တရားခံ၏ ဖြောင့်ချက်


သတင်းအပြည့်အစုံလာပါပြီး


ယောင်းမဖြစ်သူ (၂၇)နှစ်အရွယ် အမျိုးသမီးအား လူသတ်မီးရှို့မှု တရားခံ၏ ဖြောင့်ချက်


သာထွန်းအောင် တစ်ယောက် အင်ပင်ရေ တောတိုက်ယာတောထဲမှာ ယုန်ထောင်နေသည်။ ယုန်ထောင်လို့ပြီးသွားတော့သူသတိရလိုက်သည်က သူ့မိန်းမ၏ အစ်မ မနီလာအေး ဟိုဘက်ယာတောထဲမှာ နွားကျောင်းတတ်သည်။ ရှိလိမ့်မည်။


ကိုယ်ဝန်ဆောင်နှင့်သူမိန်းမ အိမ်ပေါ်က ဆင်းသွား တာကို နှစ်ရက်ဆက်တိုက် သွားခေါ်တာ ပြန့်ထည့် မပေးလိုက်တာကို မကျေမနပ်ဖြစ်နေသည်။


သူမိဘ သူ့အမ တွေရဲ့သဘောတားကြောင့်သာ သူ့မိန်းမ လိုက်မလာတာဟု ယူဆမိသည်။


ဒါ့ကြောင့် ဘာသဘောလဲ အကျိုးအကြောင်း သိရအောင် သူမိန်းမအစ်မ မနီလာအေးရှိရာ ကပ်လျှက်ယာတောသို့ရောက်လာသည်။


မနီလာအေးနှင့်တွေ့သည် –


အပြန်အလှန် စကားပြောနေစဉ်မင်းနိုင် ( အမည်လွှဲ ) ထံမှ နီလာအေးထံ ဖုန်းဝင်လာသည်။


မင်းနိုင် နှင့် ဖုန်းပြောနေစဉ်


”အဖေ့ကိုသွားမေး ”


” ငါ့ဒုတ်ပြန်ပေး ”


” နင်မယုတ်မာနှင့် ”


” လူကမွေးထားပြီး ခွေးလောက်တောင်အကျင့်မကောင်းဘူး ”


ဟူသော နီလာအေး၏ သာထွန်းအောင်အား ပြောဆိုနေမှူများမင်းနိုင်၏ ဖုန်းထဲတွင် Recording ကျန်နေရစ်သည်။


(ဤ Recording ကြောင့်သာ တရားခံကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်)


နီလာအေး ပြောစကားအားမကျေမနပ်ဖြစ်ကာ သာထွန်းအောင်မှ နီလာအေးဆီက လုယုထားသော ထန်းပိုးကြီးဖြင့် နောက်ဆက်အား နောက်က ရိုက်လိုက်သည်။


နီလာအေး ထွက်ပြေးသည်။ ဖုန်းကျရစ်သည်။ နောက်ကလိုက်ရိုက်သည် ။


ဒုတိယအချက်မိပြီး နီလာအေးစိုက်ကျသွားသည်။ ဆက်တိုက်ရိုက်သည်။


သေသွားသောအခါ ပါလာသော မီးခြစ်ဖြင့် သစ်ရွက်ခြောက်များတင်ကာ မီးရှို့လိုက်သည်။ ဖုန်းအားကောက်ယူ၍ ခပ်လှမ်းလှမ်းအရောက် သစ်ပင်ဆီ ပစ်ပေါက်လိုက်သည်။


ဖုန်းကွဲသွားသည်။


ဖုန်းကွဲအား ကောက်ယူပြီး ‌ချောင်း သဲထဲ မြုပ်ထားခဲ့သည်။


မင်းနိုင် ( အမည်လွှဲ ) မှလည်း ရွာထဲမှမညိုအေး ( အမည်လွှဲ ) ထံဖုန်းဆက်၍နီလာအေး နွားကျောင်း နေစဉ် ယောက်ျာလေးတစ်ယောက် အနီးမှာရှိနေတယ်။


စကားများနေတယ်လို့ပြောထားပြီးညနေပိုင်း နွားတွေသာ အိမ်ရောက်လာပြီး နီလာအေးပါမလာသောအခါ မှာသာလိုက်ရှာ၍ သတ်ပြီး မီးရှို့ထားသော ….အလောင်းအား တွေ့ရှိ ခဲ့ခြင်းဖြစ်ပေသည် ….။


13.2.2020 11.01 ၊PM


လူသတ်မီးရှို့ တရားခံပေါ်ပါပြီ


ရေဦးမြို့နယ် ညောင်နီကန်အုပ်စုအင်ပင်ရေ ရွာ၏ အနောက် ယာတောအတွင်းဦးတင်လှ + ဒေါ်တင်ဝင်း တို့၏သမီး မနီလာအေး အသက် ( ၂၇ )နှစ်အား11.2.2020 2.30 PM သတ်ပြီးမီးနှင့်ရှို့ထား သည်ဟုသိရပါသည်။


‌ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှ အမှူဖွင့်လှစ် အရေးယူ ဆောင်ရွက်လျှက်ရှိပြီးအလောင်းအား ရေဦးဆေးရုံသို့ သယ်ဆောင် စစ်ဆေးလျှက်ရှိပါသည်။


12.2.2020 10.15 AM


လူသတ်မီးရှို့တရားခံမှာဒီပဲယင်းမြို့နယ် သစ်ရာအိုက်ကျေးရွာ တောတိုက် နေသာထွန်းအောင်( ဘ ) ဦးညိုဝင်း ဖြစ်သည်။


သာထွန်းအောင်မှာ သေဆုံးသူမနီလာအေး ညီမ ၏ ယောက်ျားဖြစ်သည်။


သာထွန်းအောင်အား ဖမ်ဆီးရမိရာဝန်ခံထွက်ဆိုခဲ့ပြီး မနီလာအေး မသေဆုံးမီ ဆက်သွယ်ခဲ့သောဖုန်းအား ၎င်းမှ ယူဆောင်၍ ချောင်ထဲသဲအောက်မြုပ် ထားခဲ့ရာနေရာကို လည်း ပြ၍ ရှာဖွေရာ တွေ့ရှိခဲ့ပါသည်။

မီးရှို့ရာတွင် အသုံးပြုခဲ့သော မီးခြစ်ကိုလည်း တွေ့ရှိခဲ့သည်။


အမှူ ပေါ်ပေါက်ရေးအတွက်ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်လာရောက်ကြီးကြပ်ပြီးခရိုင် မှူခင်းနှိမ်နင်းရေးအဖွဲ့ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း တင်းတိမ်ရံစခန်းမှူး ရဲအုပ်မျိုးညွန့်နှင့် ရဲတပ်ဖွဲ့ဒီပဲယင်းမြို့နယ် ရဲတပ်ဖွဲ့ ဝင်များ စဉ်ဆက်မပြတ် လှုပ်ရှား လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိ သိရှိခဲ့ရပါသည်။


13.2.2020 8.31 PM


Aung Myint Thaung Yeu