မော်လမြိုင် ကမ်းနားလမ်း သံလွင်မြစ်အတွင်း မောင်နှမများရေထဲမှ ခေါ်နေသည်ဟုဆိုကာ မြစ်ထဲ အတင်းခုန်ချသည့် မိန်းကလေးအား ကယ်ဆယ်၍ မိသားစုထံအပ်နှံ

2020-02-14 14:32:18

14.2.2020 နံနက်(10:00)ခန့်က မော်လမြိုင်မြို့ ဖက်တန်းရပ် နတ်မှော်ဆိပ်ခံ ဘောတံတားတွင် အသက်(၁၉)နှစ်အရွယ်မိန်းကလေး တစ်ဦးမှ မြစ်ထဲမှ ဆွေမျိုးမောင်နှမများ ခေါ်နေသည်ဟုဆိုကာ ခုန်ချ နေကြောင်း အကူအညီတောင်းခံလာ၍ မော်လမြိုင် Rescue အဖွဲ့မှ သတင်းရရခြင်း ထွက်ခွာ၍ အမျိုးသမီးငယ်အား ထိန်းသိမ်းပေးကာ (ပူးတာလား စိတ်ဂယောင်ခြောက်ခြား ဖြစ်သည်လားတော့မသိပါ)

သံလွင်မြစ်ထဲသို့သာ ခုန်းဆင်းရန် အတင်းရုန်းကန်နေသည့် မိန်းကလေးအား ရုံးသို့ထိန်းချုပ် ချော့ခေါ်လာ၍ မြစိမ်းတောင် ဆရာတော်အား ပရိတ်ရေ ပဌာန်းရေများတိုက်စေပြီး ဂယောင်ခြောက်ခြား ဖြစ်နေသည့်စိတ်အား တည်ငြိမ်အောင် ချော့မော့ပြောဆိုပြီးနောက် မိသားစုဝင်များအားဆက်သွယ်ကာ မိဘနေအိမ်သို့ အရောက် ပို့ဆောင်ကူညီပေးခဲ့ပါသည်။ နားလည်တတ်ကျွမ်းသူများနှင့်လဲ ပြသကုသရန်အကြံပေးခဲ့ပါသည်။

ကောင်မလေးက ဈေးထဲမှ စည်ပင်ဌာန အမှိုက်သိမ်း ဝန်ထမ်းဟု သိရပါသည်။ အလုပ်ဝင်နေရာမှ မြစ်ထဲမှ ဆွေမျိုးမောင်နှမများခေါ်နေ သည်ဟုဆိုကာ မြစ်ကမ်းသို့ ဆင်းလာပြီး ခုန်ချရန်ကြိုးစားခြင်း ဖြစ်ပါ သည်။ ကောင်မလေး၏အမျိုးသားမှာလည်း ဈေးကြီးထဲရှိ အထည်ဆိုင် တွင် အလုပ်လုပ်နေသူတစ်ဦး ဖြစ်ပါသည်။ ကောင်မလေး၏အမျိုးသား ထံရော မိဘများထံပါ အပ်နှံပေးခဲ့ပါသည်။

ဇင္မိုး