ကမ္ဘာ့လူဦးရေရဲ့(၆၀)%အထိ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ပြီး (၄၅)သန်းအထိ သေဆုံးနိုင်ဟုသိရ

2020-02-14 13:10:10


ကမ္ဘာ့လူဦးရေရဲ့(၆၀)%အထိ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ပြီး (၄၅)သန်းအထိ သေဆုံးနိုင်ဟုသိရ

ကမ္ဘာ့လူဦးရေရဲ့(၆၀)%အထိ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ပြီး (၄၅)သန်းအထိ သေဆုံးနိုင်ဟုသိရ


ကမ္ဘာတစ်ဝှမ်းလုံးကို ခြောက်လှန့်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်အရေး စိတ်မအေးရသေးခင်မှာ နိုက်ဂျီးရီးယားမှာ နောက်ထပ် ထူးဆန်းတဲ့ ပြင်းထန်အဖျားရောဂါတစ်မျိုး ပေါ်လာပြီမို့ အတော်လေး ရတက်မအေးဖွယ်ရာပါဘဲ။ နိုက်ဂျီးရီးယားမှာတော့ ပြင်းထန်အဖျားက လူ(၁၀၀)ကျော် ကူးစက်ခံထားရပြီး၊ (၁၅)ဦး သေဆုံးခဲ့ပါပြီ။ အခုလည်း ကျွမ်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို လူဦးရေ(၆၀)%အထိ ကူးစက်ခံရနိုင်ချေရှိကြောင်း၊ ဒီရောဂါဆိုးကြောင့် သေဆုံးသူမှာ (၄၅)သန်းအထိ ရှိနိုင်ကြောင်း သတိပေးလိုက်ပါတယ်။


သူတို့ရဲ့တွက်ချက်မှုအရ လူတစ်ယောက် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အနည်းဆုံး (၂.၅)ယောက်အထိ ကူးစက်နိုင်ခြေရှိတာကြောင့်၊ အခုဆိုရင် တချို့သတင်းတွေရ ကူးစက်ခံရသူမှာ သိန်းဂဏန်းလောက်အထိ ရှိလာနေပြီမို့၊ ဒါဟာ ပေါ့သေးသေး ကိစ္စမဟုတ်တော့ပါဘူးတဲ့။ဟောင်ကောင်တက္ကသိုလ်၊ အများပြည်သူကျန်းမာရေးဆေးဝါးဆိုင်ရာ အဖွဲ့အစည်းမှ ပါမောက္ခ Gabriel Leung က တရုတ်ကိုမသွားဘဲ ရောဂါကူးစက်ခံရသူပမာဏဟာ နည်းပါးနိုင်သော်လည်း၊ ရောဂါကူးစက်ခံရတဲ့ဦးရေ ပိုမိုများပြားလာခြင်းက အလွန်စိုးရိမ်စရာ ကောင်းနေပြီလို့ သတိပေးခဲ့တာပါ။


WHO ကလည်း ဝူဟန်ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး "သင်တို့စိတ်ထဲမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အဆိုးဝါးဆုံးရန်သူ "လို့ သမုတ်ခဲ့ပါတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အကြမ်းဖက်သမားတွေထက်တောင် ပိုကြောက်ဖို့ ကောင်းနေပြီမို့၊ "နံပတ်(၁)ရန်သူ "လို့ ခေါ်ခဲ့ပါတယ်။WHO နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာတော့ လူ (၄၄၆၀၀)အထိ ကူးစက်ခံထားရပြီး၊ လူပေါင်း (၁၁၀၀)ဦးအထိ သေဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။ တချို့ကတော့ အပူချိန်မြင့်တဲ့ရာသီမှာ ဒီဗိုင်းရပ်စ် ပျောက်ကွယ်နိုင်ကြောင်း ပြောခဲ့ပေမယ့် ဒေါက်တာ Tedros Adhanom Ghebreyesus ကတော့-ဒီရောဂါဟာ ထင်ထားတာထက် ပိုကြာနိုင်ပြီး ကာကွယ်နိုင်မယ့်ဆေး မပေါ်သေးမီ၊ နောက်ထပ် (၁၈)လလောက်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ကာကွယ်ဆေး၊ သို့မဟုတ် ထိရောက်တဲ့ကုထုံး ကာလတိုအတွင်းမှာ အောင်မြင်စွာ ပေါ်လာခဲ့ရင်တော့ အသေအပျောက် နည်းနိုင်ပါတယ်တဲ့။ ။ လင်းဇော်ကို (D Nae Khit)