စိန်ခေါ်သူနဲ့ ထိုးဖို့လက်မှတ်ထိုးခဲ့ပြီး ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ အောင်လအန်ဆန်

2020-02-14 11:18:37


စိန်ခေါ်သူနဲ့ ထိုးဖို့လက်မှတ်ထိုးခဲ့ပြီး ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ အောင်လအန်ဆန်

စိန်ခေါ်သူနဲ့ ထိုးဖို့လက်မှတ်ထိုးခဲ့ပြီး ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ အောင်လအန်ဆန်

 

မြန်မာနိုင်ငံက ပရိသတ်တွေ အားပေးမှုကို အပြည့်အဝ ရထားတဲ့ အပြင် တကမ္ဘာလုံးက ပရိသတ်တွေ အခိုင်အမာရှိတဲ့ MMA Fighter တယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကိုတော့ တော်တော်များများလည်း သတိထားမိကြမယ် ထင်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုနောက်ပိုင်းမှာတော့ သူထိုးခဲ့တဲ့ ပွဲတိုင်းကို အနိုင်ယူထားပြီး သူ့ရဲ့ Champion ဆိုတဲ့ ဂုဏ်ကို ကာကွယ်ထားနိုင်တဲ့ Fighter လည်း ဖြစ်ပါတယ်။


လက်ရှိမှာလည်း အောင်လအန်ဆန်ကိုတော့ စိန်ခေါ်သူ ပေါ်လာပြီး မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို့အတွက် လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကို စိန်ခေါ်သူကတော့ နယ်သာလန် နိုင်ငံသား De Ridder ဖြစ်ပြီး စိန်ခေါ်မှုကိုတော့ အောင်လအန်ဆန်က လက်ခံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။


ဒီအကြောင်းလေးကိုတော့ အောင်လအန်ဆန်က ” OneChampioship အဖွဲ့အစည်းနဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ဖို့ အတွက်စာချုပ် လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်ပါပြီ။ReinierdeRidder က သူ့မှာဒဏ်ရာရှိတယ်လို့ ပြောတဲ့အတွက် ပြိုင်ဖက်ကဘယ်သူ ဖြစ်လာမလဲဆိုတဲ့ ပဟေဠိက ကျွန်တော်အတွက် အရေးမကြီးပါဘူး။ အားလုံးကိုကျွန်တော် ကတိပေးပါတယ်။ ဒီချန်ပီယံခါးပတ် ကာကွယ်ပွဲက အရမ်းကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်မှာပါ။


ကျွန်တော်ရဲ့နည်းပြဆရာ henrihoof၊ Coachgjones ၊kamibarzini နဲ့ drcpeacock တို့က ကျွန်တော့်အသင်း sanfordmma မှာ ကျွန်တော် ချန်ပီယံခါးပတ်ကို ကာကွယ်ယှဉ်ပြိုင်ထိုးသတ်ဖို့ အတွက် အဆင်သင့်ဖြစ်အောင် အကောင်းဆုံးလေ့ကျင့်ပြင်ဆင် ပေးမှာဖြစ်ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်”ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကို စိန်ခေါ်သူ နယ်သာလန် နိုင်ငံသားကတော့ ၁၁ ပွဲ ကစားထားရာ ရှုံးပွဲမရှိသေးပါဘူး