ရေဦးတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့သူအား ဖမ်းမိ

2020-02-14 11:16:04


ရေဦးတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့သူအား ဖမ်းမိ

ရေဦးတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့သူအား ဖမ်းမိ


ရွှေဘိုခရိုင် ရေဦးမြို့နယ် အင်ပင်ရေရွာတောစပ်တွင် အမျိုးသမီးတစ်ဦးကို သတ်၍ အလောင်းကို မီးရှို့ခဲ့သူအား ယနေ့ ဖမ်းဆီးရမိသည်။ သေဆုံးသူမှာ အင်ပင်ရေရွာနေအသက်၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး တောစပ်တွင် နွားကျောင်းနေစဉ် သတ်ဖြတ်ခံခဲ့ရသည်။


“ သေတဲ့ကောင်မလေးရဲ့ညီမယောက်ျားက သတ်သွားတာ။ သေဆုံးသူရဲ့ မတ် တော်တယ်ပြောရမှာပေါ့။ လင်မယားကွဲနေတာ ရက်ပိုင်းပဲရှိသေးတယ်။ သူ့မိန်းမကို ပြန်ပေါင်းချင်လို့ ခေါ်ပေးခိုင်းတာ၊ အမျိုးသမီးက မင်းတို့ပြန်ပေါင်းဖို့က ငါ့မိဘတွေနဲ့ပဲဆိုင်တယ် ငါနဲ့ဘာမှ မဆိုင်ဘူးပြောလို့ တစ်ယောက် တစ်ခွန်းစကားများရင်းကနေ တုတ်နဲ့ရိုက်သတ်ပြီး မီးရှိုခဲ့တာလို့ စစ်ဆေးပေါ်ပေါက်တယ်” ဟု ရေဦးရဲစခန်းမှူး ဒုရဲမှူး ထိုက်လင်းစိုးက ပြောသည်။


ပြစ်မှုကျူးလွန်သူမှာ ဒီပဲယင်းမြို့နယ် သစ်ရာအိုက်ကျေးရွာနေအသက် ၂၁ နှစ်အရွယ် သာထွန်းအောင် ဆိုသူဖြစ်သည်။ လူသတ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် သေဆုံးသူအမျိုးသမီးလက်ကိုင်ဖုန်းတို့အား ပြစ်မှုကျူးလွန်သူမှ ဝှက်ထားသည့် နေရာအား လိုက်လံပြသသဖြင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။


ရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား အမှုဖွင့်ပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။


#Credit#