ဆာလက် အကောင်းဆုံးဆု၊ အမ်းမရိတ် သင်ခန်းစာ၊ လက်ရွေးစင်မန်နေဂျာ ချီးကျူးမှုနဲ့ လီဗာပူးနံနက်ခင်း သတင်းများ

2020-02-14 10:27:20


ဆာလက် အကောင်းဆုံးဆု၊ အမ်းမရိတ် သင်ခန်းစာ၊ လက်ရွေးစင်မန်နေဂျာ ချီးကျူးမှုနဲ့ လီဗာပူးနံနက်ခင်း သတင်းများ

ဆာလက် အကောင်းဆုံးဆု၊ အမ်းမရိတ် သင်ခန်းစာ၊ လက်ရွေးစင်မန်နေဂျာ ချီးကျူးမှုနဲ့ လီဗာပူးနံနက်ခင်း သတင်းများ


ဇန်နဝါရီလအတွက် လီဗာပူးအသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဆာလက်က ရရှိသွားပါတယ်။


လီဗာပူးဥက္ကဌဟောင်း ဆာ မာတင် ဘရိုက်တန်က အသင်းပိုင်ရှင် ဂျွန်ဟင်နရီကို အင်္ဂလန်က အမ်းမရိတ်ကွင်းကို လိုက်ပြခဲ့ပြီး သမိုင်းဝင်ကွင်းတွေကို စွန့်ခွာရင် အသင်းစိတ်ဝိဉာဉ် ပျောက်ဆုံးနိုင်တဲ့ အနေအထားကို ပြသခဲ့တာကြောင့် ဂျွန်ဟင်နရီက အန်ဖီးကိုပဲ အဆင့်မြင့်တင်ဖို သဘောတူခဲ့ခြင်း ဖြစ်ပါတယ်။


ဘယ်အစွန်လူ ရော်ဘတ်ဆန်က အင်္ဂလန်မှာ ဂျော်ဒန်ဟန်ဒါဆန်အပေါ် တန်ဖိုးဖြတ်မှုက နည်းပါးပြီး အခုမှပဲ အသင်းခေါင်းဆောင်က သူနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ ရလာတာလို့ ဝေဖန်လိုက်ပါတယ်။


တိုက်စစ်မှူးမာနေးက လီဗာပူးတီဗီအတွက် အစီအစဉ်တစ်ခုမှာ အယ်လီဆန်ကို မေးခွင့်ရှိရင် ဘာမေးလိုသလဲဆိုတာနဲ့ ပက်သက်ပြီး အယ်လီရဲ့ ပထမဆုံး လီဗာပူးကို အလာမှာ ဆောင်းခဲ့တဲ့ ဦးထုပ်အကြောင်း မေးခဲ့ကာ သူလည်း တစ်လုံးလိုချင်တယ်လို့ ဆိုသွားခဲ့ပါတယ်။


မနက်ပိုင်းက လီဗာပူးရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ တာကူမီ အပါအဝင် အဓိက ကစားသမားအားလုံး ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ပါဝင်နေပါတယ်။


မန်နေဂျာကလော့ပ်က သစ္စာတရားရှိတဲ့ ဘောလုံးသမားတွေကို အထူးနှစ်သက်သူဖြစ်ပြီး ကော်တင်ညိုဟာ သူ့အပေါ်နဲ့ လီဗာပူးအပေါ် သစ္စာမဲ့ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အခါအခွင့်သင့်ချိန်မှာ ကော်တင်ညိုကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားပေမယ့် ငွေကြေးကို အရင်ရှေ့တန်းပြန်တင်ခဲ့ပြီး သင့်လျော်မှုမရှိဘူးလို့ ယူဆတာကြောင့် နောက်ဆုတ်ခဲ့ပါတယ်။


မက်ဒရစ်က ချန်ပီယံလိဂ် ဗိုလ်ဆွဲခဲ့တဲ့ညမှာ ပရိသတ်တွေရဲ့ မက်ဒရစ်မြို့တွင်း အားပေးပုံကို မြင်ခဲ့အပြီး မန်နေဂျာယာဂင်ကလော့ပ်ဟာ အသင်းပရိသတ်တွေရဲ့ ထောက်ပံံ့မှုကို စိတ်ခံစားရလွန်းလို့ ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။


မက်ဒရစ်က လီဗာပူးအားပေးသူတွေကို ကျော်ကြားတဲ့ လီဗာပူးသီချင်းတွေနဲ့ ဖျော်ဖြေသူ ဝဘ်စတားကို အသင်းလက်ထောက် နည်းပြ ပပ်လင်ဒါးက ညပါတီမှာ ဂိုးမက်စ်၊ ဘရူးစတားတို့ထက် အရင်ဆုံး ဖလားကိုင်ပြီး ဓါတ်ပုံရိုက်ခွင့်ပေးကာ ဂုဏ်ပြုခဲ့ပါတယ်။


အာဂျင်တီးနားမန်နေဂျာ စကာလိုနီက ကမ္ဘာပေါ်မှာ လီဗာပူးကလွဲရင် အနိုင်ယူလို့မရတဲ့ အသင်းဆိုတာ မရှိဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။