ချစ်သူများနေ့ကို ဖြတ်သန်းမယ့် မိန်းကလေးများအတွက် အကြံပေးစကားလေးဆိုလိုက်တဲ့ လှနုထွန်းရဲ့ ဗီဒီယိုဖိုင်

2020-02-14 10:12:13


ချစ်သူများနေ့ကို ဖြတ်သန်းမယ့် မိန်းကလေးများအတွက် အကြံပေးစကားလေးဆိုလိုက်တဲ့ လှနုထွန်းရဲ့ ဗီဒီယိုဖိုင်

ချစ်သူများနေ့ကို ဖြတ်သန်းမယ့် မိန်းကလေးများအတွက် အကြံပေးစကားလေးဆိုလိုက်တဲ့ လှနုထွန်းရဲ့ ဗီဒီယိုဖိုင်


Miss Tourism International Myanmar ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဗဟုသုတလေးတွေနဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးလေ့ရှိတဲ့ လှနုထွန်းကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုလောက်တော့ပါဘူးနော်..။


ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ လှနုထွန်းကတော့ အခုတစ်ခါမှာလည်း ချစ်သူများနေ့လေးကို ဖြတ်သန်းမယ့် မိန်းကလေးတွေအတွက် ထိရောက်ပြတ်သားတဲ့ အကြံပေးစကားလေးတွေကို ပြောပြလာပါတယ်နော်..။


ချစ်သူများနေ့မှာ တချို့ယောကျ်ားလေးတွေက သူတို့ကို ချစ်ရင် အတူနေပေးပါလို့ တောင်းဆိုကြတာလေးတွေရှိပြီး မိန်းကလေးတွေက အကြင်နာတွေ မေတ္တာတွေ ဂရုစိုက်မှုတွေလိုချင်ကြပေမယ့် သူတို့ကောင်လေးတွေ စိတ်ကောက်သွားမှာ စိတ်ကုန်ပြီး ထားသွားကြမှာစိုးလို့ ပေးအပ်လိုက်တတ်တာတွေ ရှိကြတာမို့ မိန်းကလေးတွေအတွက် အကြံပေးစကားလေးဆိုထားတာပါ..။


ချစ်သူကောင်လေးက အဲ့လိုတောင်းဆိုလာတဲ့အခါမှာ “အရင်ဆုံးစဉ်းစားပါ တကယ်ချစ်ရင် ကိုယ့်ကိုတန်ဖိုးထားရင် ဒီလိုတောင်းဆိုပါ့မလားဆိုတာ သူကိုယ်တိုင်တောင်မှ သူ့အမေဆီက မုန့်ဖိုးဖြန့်တောင်းနေရတဲ့ လူတစ်ယောက်ဟာ ငါနဲ့နေပြီးသွားရင်ရော ငါ့ကို တာဝန်ယူနိုင်ပါ့မလားဆိုတာ ဒါကို စဉ်းစားပြီးတော့မှ ဘဝကို ပေးအပ်လိုက်ပါလို့ လှနုပြောပြချင်ပါတယ် ..” ဆိုပြီး ထိရောက်ပြတ်သားတဲ့ အကြံပေးစကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်..။


ဖေဖော်ဝါရီ(၁၄)ရက်နေ့ကတော့ V Day ဖြစ်တော့ အားလုံးကတော့ သူတို့ ချစ်တဲ့လူတွေဆီက မျှော်လင့်ထားကြတာတွေ အများကြီးရှိတတ်ကြပေမယ့် ကိုယ်မျှော်လင့်ထားသလို သူတို့ဘက်က အချိန်မပေးနိုင်ရင် စိတ်မဆိုးကြဖို့ ဖိအားမပေးကြဖို့လည်း ပြောပြထားပြီး (၁၅၀၀)အချစ်နဲ့မှ V Day ကို ကျင်းပလို့ရတာ မဟုတ်ဘဲ 528 မေတ္တာနဲ့လည်း ကျင်းပလို့ရပါတယ်ဆိုပြီးတော့လည်း လှနုက ပြောပြထားပါသေးတယ်..။


ချစ်သူများနေ့အတွက် မိန်းကလေးတွေကို အကြံပေးထားသလို ဖေဖော်ဝါရီ(၁၃) ဗိုလ်ချုပ်မွေးနေ့နဲ့ ပတ်သက်ပြီးတော့လည်း အမှတ်တရလေးတွေအကြောင်းလည်း ပြောပြထားသေးတဲ့ လှနုထွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။


 


Photo Credit – Hla Nu Tun’s Facebook Account