ထိုင်းလူသတ်သမားရဲ့ပစ်ခတ်မှုမှ တစ်ခြားလူတွေကို ခန္ဓာကိုယ်နဲ့ကာပေးခဲ့တဲ့ သူရဲကောင်းလေး

2020-02-14 09:45:20


ထိုင်းလူသတ်သမားရဲ့ပစ်ခတ်မှုမှ တစ်ခြားလူတွေကို ခန္ဓာကိုယ်နဲ့ကာပေးခဲ့တဲ့ သူရဲကောင်းလေး

ထိုင်းလူသတ်သမားရဲ့ပစ်ခတ်မှုမှ တစ်ခြားလူတွေကို ခန္ဓာကိုယ်နဲ့ကာပေးခဲ့တဲ့ သူရဲကောင်းလေး


မကြာသေးခင် ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ ရှော့ပင်းမောလ် ပစ်ခတ်မှုဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ ထိုင်းစစ်တပ်မှာ အရာခံဗိုလ်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့တဲ့ အသက်(၃၂)နှစ်အရွယ် Jakrapanth Thomma က ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့တာပါ။ ဒီအတွက် ထိုင်းစစ်တပ်မှာလည်း ပုံရိပ်ကျဆင်းခဲ့ရပါတယ်။ ထိုင်းစစ်ဦးစီးချုပ်ကလည်း ဒီအကြောင်းကို လူသိရှင်ကြား တောင်းပန်ခဲ့ပြီးပါပြီ။ Thomma ဟာ သူရဲ့အထက်အရာရှိဖြစ်တဲ့ ဗိုလ်မှုးကြီးတစ်ဦးရဲ့ ၎င်းရဲ့ယောက္ခမကို မြေယာငှားရမ်းမှုကိစ္စမှာ လိမ်လည်ခဲ့တယ်လို့ စွပ်စွဲပြီး၊ အရင်ဆုံး သတ်ပစ်ခဲ့တာလို့ သိရပါတယ်။


အဲဒီနောက် Nakhon Ratchasima မှာတည်ရှိတဲ့ Terminal 21 ရှော့ပင်းမောလ်ကို သွားရောက်ပြီး အခုလို ရက်စက်ကြမ်းတမ်းလွန်းတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို ကျူးလွန်ခဲ့တာပါ။ သက်ဆိုင်ရာကလည်း Thomma ကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။ 


Thomma ရဲ့လက်ချက်ကြောင့် လူ(၃၀) သေဆုံးခဲ့ပြီး၊ (၅၈)ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သေဆုံးသူထဲမှာ ထိုင်းကျောင်းသားလေး Ativa လည်း ပါဝင်ပါတယ်။ သူဟာ အသက်(၁၈)နှစ်ဖြစ်ပြီး၊ သူဟာ သေနတ်သမားလက်ကနေ လူ(၈)ယောက်အထိ ကယ်ဆယ်ခဲ့ပါတယ်။ 


ဒါပေမယ့် သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး Ativa သေဆုံးသွားခဲ့ပါတယ်။ လူသတ်သမားဟာ LG level ကနေ ရေခဲသေတ္တာထားတဲ့ အခန်းဘက်ကို ဝင်လာချိန်၊ Ativa မြင်ပြီး ချက်ချင်း တံခါးကို ပြေးပိတ်ခဲ့ပါတယ်။ သေနတ်သမားက Ativa ကို စိမ်ပြေနပြေ ပစ်ခတ်သွားခဲ့တာပါ။သူရဲ့ သတ္တိရှိတဲ့တုန့်ပြန်မှုကြောင့် အခန်းထဲမှာရှိနေတဲ့ လူ(၈)ဦး ကံကောင်းထောက်မစွာ အသက်ဘေးက လွတ်ခဲ့ပါတယ်။ အဖွားရဲ့စကားအရ မြေးဖြစ်သူ Ativa ဟာ အဲဒီမှာ သန့်ရှင်းရေးအဖြစ် အပိုဝင်ငွေရှာနေသူပါတဲ့။ လူမှုကွန်ရက်မှာတော့ Ativa ကောင်းရာသုဂတိ လားရောက်ပါစေလို့ ဆုတောင်းနေကြပါတယ်။ 


လင်းဇော်ကို (D Nae Khit)