တစ်ပတ်စာ၇ ရက်သားသမီးဟောစာတမ်း . . 13.2.2020 မှ 19.2.2020 အထိ

2020-02-14 09:42:16


တစ်ပတ်စာ၇ ရက်သားသမီးဟောစာတမ်း . . 13.2.2020 မှ 19.2.2020 အထိ

တစ်ပတ်စာ၇ ရက်သားသမီးဟောစာတမ်း . . 13.2.2020 မှ 19.2.2020 အထိ


တနင်္ဂနွေ


ဒီကာလအတွင်းလုပ်ငန်းဆောင်ရွက်ဖို့ အခွင့်အရေးကောင်းတွေ လက်ဝယ်ရောက်ရှိလာမည်။စိတ်ကြည်လင်အေးချမ်း မှုတွေကိုရလာမယ့်ကာလပါပဲ။ အလုပ်အတွက် ကံကောင်းမှုတွေ ပေါ်ပေါက်လာပြီး ဘာပဲလုပ်လုပ် အဆင်ပြေမှု တွေ့ကြုံ နိုင်တဲ့ ကာလဖြစ်ပါတယ်။ လူမှုရေးကိစ္စအတွက် ပင်ပန်းမယ်။ ကိုယ့်သားချင်းတွေကြောင့် အနှောက်အယှက်ကြုံတတ်ပါ တယ်။လုပ်ကိုင်ဆောင်ရွက်လို့ ခက်ခဲနေရင်တောင် ကူညီအကြံဉာဏ်ပေးမယ့် ဆရာသမားတွေနဲ့ကြုံရတတ်ပါတယ်။မိမိ အကောင်အထည်ဖော်ချင်တဲ့ကိစ္စမျိုးတွေဒီကာလမှာစတင်သင့်ပါတယ်။ ကျန်းမာ ရေး ကတော့မီးယပ်နှင့် ဆိုင်သောရောဂါ များ၊အရေပြားအဖုအပိန့်ထွက်ခြင်းမျိုးဖြစ်တတ် ပါတယ်။အချစ်ရေးမှာတော့ အသက်ကြီးသူတွေရဲ့ချစ်မြတ်နိုးခြင်းကိုခံရ တတ်ပါတယ်။ လက်တွဲတာကြာနေပြီဖြစ်တဲ့ ချစ်သူစုံတွဲများ ပြဿနာဟောင်းတွေပြန်ပေါပြီးစကားများရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် ကမိမိကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်တတ်ပါတယ်။ ချစ်တာထက် စိတ်မချတာကပိုများနေတတ်ပါ တယ်။မိမိက အနေအထိုင်မတည်ကြည်သူ ဆိုရင်ပိုဆိုးပါတယ်။ ပညာရေးကတော့ ဒီကာလဟာအစစအရာရာ ကောင်းမွန်နေပါလိမ့်မယ်။နိုင်ငံခြားဘာသာလေ့လာ နေသူ များပိုမိုတတ်လွယ်မည်။အကျိုးပေးဂဏန်း ၁/၈/၃ အထူးဟော ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ယတြာ ဇလုံထမင်းဘုရားရှင်အားဆွမ်းကပ်ပါ။


တနင်္လာ


ဒီကာလအတွင်းဘုန်းကံအရှိန်အဝါ သိသိသာသာ မြင့်မားတိုးတတ်မယ်။ ရာထူးတိုးတတ်မှု ထူးခြားတဲ့ ကံကောင်း မှုတွေ ဒီလိုအချိန်မှာ မလိုချင်လည်း အလိုလိုရောက်ရှိလာတတ်ပါတယ်။ အလုပ်အတွက်ပင်ပန်းရပေမယ့် ပေးဆပ်သလောက် အကျိုးရှိကြီးပွားမယ်။ စီးပွားရေးကိစ္စတွေ ကိုယ်မျှော်မှန်းတာထက် တိုးတတ်လာပါမယ်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စ ရပ်တွေ မိသားစုမှာ တွေ့ကြုံလာမယ်။ နိုင်ငံခြား အခွင့်အရေးကောင်းတွေ တွေ့ကြုံပြီး ကိုယ့်ရဲ့ ဆောင်ရွက်မှုတွေအတွက် ရွှေဖြစ်နိုင်တဲ့ ကာလဖြစ်ပါတယ်။ ငွေဝင်ကောင်းသလို အကုန်အကျများပြားနေမယ်။ ငွေကြေးကိစ္စအတွက် မိသားစုပြဿနာ များဖြေရှင်းရမည်။ ကွန်ပျူနှင့်နည်းပညာပစ္စည်းများ ဝယ်ဖြစ်တာကြောင့်ငွေကုန်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဝမ်းချုပ်နှင့်ရင်ကြပ်ချောင်းဆိုးရောဂါတွေကိုသတိထားလိုက်ပါ။ မိတ်ကပ်အသစ် များ သတိထားလိမ်းပါ။ မျက်နှာကိုအသား အရေကိုဒုက္ခပေးတတ်တဲ့ကာလပါပဲ။ချစ်သူနဲ့ဆက်ဆံရေးတင်းမားနေတတ်ပါ တယ်။ ညှိနှိုင်း မရသောပြဿနာလေးတွေပေါ် လာ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့အပြောသန်၊ အငြင်း သန်မှုကြောင့် စိတ်ညစ်စိတ်ရှုပ်နေရ တတ်ပါတယ်။ ပညာရေးမှာတော့ ပညာသင်ယူဖို့ ပြင်ဆင်သင်တန်းအပ်ပြီးမှ မတတ်ဖြစ်တာမျိုးကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၄/၅ အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူကိုသွားပြီး ၂၄ပစ္စည်းကိုသက်စေ့ရွတ်ပွားလိုက်ပါ။


အင်္ဂါ


ဒီကာလအတွင်းကံကောင်းမှုတွေ နီးကပ်လာပေမယ့် သင့်အတွက် အခက်အခဲတွေ ဖြတ်ကျော်ရဦးမှာပါ။ လူမှုရေး အညံ့အတွက် စိတ်သောကကြုံမယ်။ လုပ်ဖော်ကိုင်ဖက်တွေကို ယုံကြည်မိလို့ စီးပွားရေးမှာ ဆုံးရှုံးရတတ်ပါတယ်။ ဘာပဲ လုပ်လုပ် အတိုက်အခံကြုံတတ်ပေမယ့် အောင်မြင်စွာ ဖြေရှင်းနိုင်မှာပါ။ အကြီးအကဲ မိဘတွေနဲ့ စကားကတောက်ကဆ များတတ်ပြီး လုပ်ငန်းခွင်မှာ ရာထူးအတွက်၊ လုပ်ငန်းသစ်တိုးချဲ့မှုအတွက် အဆင်မပြေဖြစ်ရတတ်ပါတယ်။ဆရာမိဘတွေ ကူညီစောင့်ရှောက်မှုကြောင့်ပဲ စီးပွားရေးပြန်လည်တည့်မတ်လာပါလိမ့်မယ်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်းအတွက် ကံကောင်းမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ကျန်းမာရေးအထူးညံ့ဖျင်းနေတာကိုတော့ မတွေ့ရပါဘူး။ စားဝင်၊အိပ်ပျော်နေကောင်းပါလိမ့်မယ်။ နိုင်ငံခြားသွားဖို့စောင့်ဆိုင်းနေသူများသတင်းကောင်းကြား ရတတ်ပါတယ်။ စိတ်ကူး ထားသမျှအကြံကောင်းတွေကို အရာရာ ထုတ်မပြောသင့်ပါဘူး။ သူများကမိမိထက်ဦး အောင်လုပ်သွားတတ်ပါတယ်။အချစ် ရေးမှာတော့ချစ်သူသက်တမ်းနည်း သေးသူများ ပြဿနာပေါင်းစုံတတ်ပါလိမ့် မယ်။ ချစ်သူသက်တမ်းကြာနေသူများလက်ထပ် ရန်အခွင့်အရေးကောင်း များပေါ်လာမည်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်ရော၊ကိုယ်ရော သွေးအေးနေတတ်ပါ တယ်။ ပညာရေးမှာ တွက်စာ ပိုမိုပိုင်နိုင်လာလိမ့်မယ်။အကျိုးပေးဂဏန်း ၃/၆/၅ အထူးဟော စိတ်ချမ်းသာစရာများနေတတ်ပါတယ်။ ယတြာ အိမ်ကဘုရားဆောင်ကိုသန့်ရှင်းရေးလုပ်ပါ။ဘုရားရှင်ကိုရေသပ္ပယ်ပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလအတွင်းထူးထူးခြားခြား မျက်နှာပွင့်တတ်မယ်။ လူမှုရေးကိစ္စတွေ အများအပြား ဆောင်ရွက်ပြီး သောကကြုံရ တတ်ပါတယ်။ မိမိကြံစည်မှုတွေမှာ အခက်အခဲနဲ့ ယှဉ်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်မှာပါ။ မိမိဆောင်ရွက်မှုတွေမှာ လူမှုရေး အားနာလိုက်လျောမှုတွေကြောင့် ထင်သလောက်အကျိုးမရှိတတ်ပါဘူး။ ငွေကြေးကံကောင်းနေတတ်ပြီး စိတ်ပင်ပန်းမှုတွေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေရပါမယ်။ ဆက်သွယ်ရေးပစ္စည်းတွေကြောင့် စိတ်အနှောက်အယှက် ကြုံတွေ့ရနိုင်ပါတယ်။ ကံ အကောင်း နှင့် အဆိုး ဒွန်တွဲနေတတ်ပါတယ်။မြေ၊ခြံ၊အိမ်ရောင်းချင်သူများ ဈေးကောင်းရဖို့ခက်ခဲတဲ့ကာလပါပဲ။ခရီးကိစ္စ တွေ အဆင်ပြေ လိမ့်မယ်။ဈေးသည်များ ဆိုင်များ အမြတ်အစွန်းနည်းနေတတ် ပါတယ်။ အဆင်ပြေပေမဲ့ ငွေအရနည်းတဲ့ သဘော ပါ။ ကုန်သွယ်စီးပွားနှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများအဆင်ပြေပါလိမ့်မယ်။ ကျန်းမာ ရေးကတော့ ဖျားနာတာမဖြစ်ဘဲ ၊ချော်လဲတာမျိုး၊ ထိခိုက်မှု၊သွေးထွက်သံယိုအသေးစားလေးတွေအလွန်ပဲဖြစ်ရ တတ်ပါတယ်။ အချစ်ရေးကအဆင်ပြေပါ တယ်။ ဒါပေမဲ့ဆွေမျိုးတွေအနှောက်အယှက်တော့ရှိနေတာမျိုးတွေ့ ရပါတယ်။ အိမ်ထောင်ရေးမှာတော့ ငွေကြေးနဲ့ဆက်နွယ် ပြီး လင်မယားချင်းစကားများရတတ်ပါတယ်။ပညာရေး မှာတော့ ရုတ်တရက် ပညာရေးမှာအခက်အခဲပေါ်မည်။ ပညာရေး ရပ်ဆိုင်းမှုတွေကြုံရမည်။အကျိုးပေးဂဏန်း ၆/၀/ဂ အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။ ယတြာ ကိတ်မုန့်နဲ့ ကော်ဖီဘုရားကပ်လှူဆုတောင်းလိုက်ပါ။


ကြာသပတေး


ဒီကာလထဲပြင်းထန်တဲ့ထိုးနှက်တိုက်ခိုက်မှုတွေသင့်ရဲ့အနားမှာဝန်းရံနေမယ်။ ဘာပဲလုပ်လုပ် အနှောက်အယှက် ကြုံမယ်။ စိတ်ဖိစီးမှုတွေနဲ့ အလိုမကျမှုတွေအတွက် ခေါင်းမီးလျှံတောက်လောင်နေလိမ့်မည်။ မလိုအပ်တဲ့ ငွေကုန်မှုတွေ အတွက် ထိန်း ချုပ်နိုင်ဖို့ အားနည်းနေမယ်။ ခရီးရှည်ထွက်ဖို့ အစီအစဉ်တွေ အနှောက်အယှက်ရှိလာနိုင်သည်။ လုပ်ငန်းအတွက် အောင်မြင်မှုတွေ ပိုင်ဆိုင်ရပေမယ့် အတိုက်အခံအတွက် စိတ်ရှည်ရှည်နဲ့ ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။ အရာရာသည်းခံပြီး သတိရှိသင့်တဲ့ကာလမို့ ဘာသာရေး ဆောင်ရွက်ပါ။ မမျှော်လင့်ဘဲ မိမိတတ်ကျွမ်းတဲ့ပညာတွေကိုသူများကိုသင်ပေး ခွင့်ကြုံပါတယ်။ရတနာရောင်းဝယ်ရေးလုပ် သူများ၊ကျောက် အရောင်း အဝယ်လုပ်သူများပိုမိုအဆင်ပြေ တိုးတတ်ပါလိမ့်မယ်။ ပြည်ပခရီးစဉ်များသွားရောက်လို့ အဆင်ပြေပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကြောတတ်၊ညောင်းကိုက်တာမျိုးတွေဖြစ် လွယ်ပါတယ်။ သွေးတိုး သမားများ သွေးပေါင်အမြဲချိန်ပြီး ဆေးသောက်သင့်တဲ့နေ့ရက်တွေပါပဲ။ အချစ်ရေးအဆင်ပြေပါ လိမ့်မယ်။ အများ တကာတွေအားကျရတဲ့ထိ အချစ်ရေးအဆင် ပြေပါလိမ့်မယ်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ တကျက် ကျက်ဖြစ်နေတတ်သော်လည်း အိမ်ထောင်ဘက်ရဲ့စီးပွားရေးကျန်းမာရေးကအလွန်ကောင်းနေတတ်ပါတယ်။ ပညာ ရေးကတော့ ပညာနှစ်ခုကိုပြိုင်တူသင်ယူခွင့်ရပါတယ်။ ပညာသင် ရင်းပျော်ရွှင်မှုရပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၁/၇/၅ အထူးဟော အဆိုးအကောင်းရောထွေးနေမည်။ ယတြာ ဆရာသမားတစ်ဦးဦးကိုတတ်နိုင်တဲ့ပစ္စည်းတစ်ခုခုနဲ့ကန်တော့လိုက်ပါ


သောကြာ


ဒီကာလကံကောင်းမှုတွေ ပြန်လည်တွေကြုံလာမယ်။ ငွေကြေးအများအပြားရရှိမယ့် အခွင့်အရေးတွေ ပေါ်ပေါက် လာမယ်။ ထီပေါက်နိုင်တဲ့ ကာလမို့ ထီကံစမ်းပေးပါ။ လုပ်ငန်းမှာ ထူးခြား၊ ထင်ပေါ်၊ ကျော်ကြားမှုတွေ ပေါ်ပေါက်လာမယ်။ ရွှေလက်ဝတ်ရတနာနှင့် ပတ်သက်သည်ပစ္စည်းတွေ ပိုင်ဆိုင်သုံးစွဲခွင့် ရရှိမည်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး တရားမဝင် ငွေကြေးအကျိုးအမြတ် ထူးထူးခြားခြား ရရှိတတ်တဲ့ ကာလပါ။ ကံဇာတာတိုးတတ်နေတဲ့ ကာလဖြစ်ပေမယ့် ကျန်းမာရေးပိုင်း အညံ့နဲ မတော်တဆ ထိခိုက်မှုကို ဂရုစိုက်ပါ။ပစ္စည်းတွေအလွယ်မထား ပါနဲ့။ပျောက်ရှတတ်ပါတယ်။taxi တွေ၊စားသောက် ဆိုင်တွေမှာ ထိုင်ရင်း ပစ္စည်းမေ့ကျန်ခဲ့ရာကနေပျောက်ဆုံးတတ် ပါတယ်။ နိုင်ငံရပ်ခြားရောက်နေသူများလစာတိုးခြင်းတွေ၊ နေရာပေးခံရခြင်းတွေကြုံ ရတတ်ပါတယ်။လုပ်ငန်းရှင်များငွေကြေးလည်ပတ်မှခက်ခဲနေတတ်ပါတယ်။ငွေမမြုပ်အောင် သတိ ထားဆောင်ရွက်လိုက်ပါ။ စကားအပြောအဆိုကောင်းသူများ ငွေကြေးလာဘ်လာဘဝင်ပါလိမ့်မယ်။ ကိုယ်ခံအားနည်းနေ တတ် ပါ တယ်။ဒါကြောင့်ပဲဥတုနဲ့ ညီအောင်နေထိုင်စားသောက်ပါ။အချစ်ရေးမှာတော့ အေးစက် စက်ဖြစ်နေတဲ့အချစ်ရေးတွေ ပြန်လည် နွေးထွေးလာတတ်ပါတယ်။ အဆင်ပြေမဲ့အချစ်ရေးပါ။ အိမ်ထောင်ရေးမှာ တော့လိုတာထက်ပိုပြီးတော့ဂရုစိုက်တဲ့ အိမ်ထောင်ဘက် ကြောင့် စိတ်ချမ်းမြေ့ရမည်။ပညာရေးအလွန်ကောင်းမည်။ အကျိုးပေးဂဏန်း ၂/၁/၆ အထူးဟော အလုပ်တွေကောင်းလာတတ်သည်။ ယတြာ အကြော်စုံဘုရားကပ်လှူပါ။


စနေ


ဒီကာလအတွင်းခရီးသွားလာမှု မကြာခဏတွေ့ကြုံနိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အကူအညီအထောက်အပံ့ ကောင်းတွေ ရရှိပြီး အကျိုးရှိကြီးပွားနိုင်တဲ့ ကာလဖြစ်ပါတယ်။ နိုင်ငံခြားလုပ်ငန်းကိစ္စရပ်တွေအတွက် အကျိုးရှိအဆင် ပြေမယ်။ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ ငွေကြေးရရှိမှု ကံကောင်းနေပါတယ်။ လုပ်ငန်းမှား ရာထူးဘုန်းကံ တိုးတတ်မြင့်မားမှု ၊ ပြောင်းလဲ ကံကောင်း အောင်မြင်မှုတွေ လက်ဝယ်ရောက်ရှိလာပါလိမ့်မယ်။ အိမ်ခြံမြေ၊ ယာဉ်ရောင်းဝယ် ပိုင်ဆိုင်ဖို့ ကြိုးစား နေသူတွေအတွက် အဆင်ပြေနိုင်တဲ့ ကာလတစ်ခုအဖြစ် တွေ့ကြုံရနိုင်ပါတယ်။မူလပင်မအလုပ်ထက် ထပ်ချဲ့ထားတဲ့လုပ်ငန်း တွေကပိုမိုငွေ ဝင်တတ်ပါတယ်။ဒီကာလဟာ အချိန်ပိုလေးတွေရလာတတ်တာ ကြောင့် မိမိလုပ်ချင်တာတွေလုပ်ဖို့အချိန် ရလာ တတ်ပါတယ်။ မိမိလက်စမသတ်နိုင်သေးတဲ့အလုပ်တွေကိုတော့ ပြီး ပြတ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ကျန်းမာရေး ကတော့ ရေချိုးမှား တတ်ပါတယ်။ ခေါင်းကိုလဲအကြာကြီးအချိန်ဆွဲ ပြီးမလျှော်လိုက်ပါနဲ့။ အချစ်ရေးမှာတော့ ချစ်သူထံက အကူအညီတွေရ လွယ်ပါတယ်။ မိမိထက်အသက်ကြီးတဲ့ချစ် သူကိုရထားသူများ ပိုကံကောင်းတဲ့နေ့ပါ။ အိမ်ထောင်ရေး သင့်ပါတယ်။ ပညာရေး ကတော့ မိမိကပဲအထူးကြိုးစားရ လိမ့်မယ်။ကံကမပေးဘူး။ အကျိုးပေးဂဏန်း ၂/၃/၉ အထူးဟော လူမှုရေးကိစ္စတွေနဲ့အချိန်ကုန်နေတတ်ပါတယ်။ ယတြာ ကော်ဖီမစ်ထုပ်လေးတွေမိတ်ဆွေတွေကိုဝေပေးလိုက်ပါ။


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695 09 44 5555 695