ဗစ်တိုးရီးယားအမှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေကို အပြစ်တင်ရင်း စိတ်ထိခိုက်မှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ ချမ်းချမ်း

2020-02-13 22:18:58

နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria လေးလို့ အမည်ဝှက်နဲ့ ခေါ်ဆိုကြတဲ့ မိန်းကလေးငယ်လေး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ကိစ္စကတော့ဟိုးလေးတကျော်ကျော်နဲ့ ပြည်သူတွေကြား စောင့်ကြည့်စရာ အမှုတစ်ခုဖြစ်နေခဲ့တာပါ။ဒီအမှုနဲ့ပတ်သတ်ပြီး အဆိုတော်ချမ်းချမ်းက သူ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ချမ်းချမ်း “တစ်နိုင်ငံလုံးကတော့ ဒီအမှုဟာမတရားဘူး၊ မမျှတဘူးဆိုတာ သိနေတဲ့ အတွက် ဆက်လက် ဆန္ဒတွေပြနေဦးမှာပဲ။ရှက်တတ်လာ မယ့် အချိန် နောင်တရမယ့်အချိန်တွေ နောက်မကျပါစေနဲ့ လို့ပဲ ဆုတောင်းပါတယ်” လို့ပြောဆိုလာခဲ့တာပါ။သမီးလေးအနေနဲ့ ကိုကိုလုပ်တာ ဆရာမနှင်းနု က ရေဆေးပေးတယ်လို့ သေချာညွှန်ပြထားခဲ့ပြီးဖြစ်တာတောင်မှ တရားခံကို မဖော်ထုတ်နိုင်ခြင်းဟာ ရဲတပ်ဖွဲ့အနေနဲ့ အလွန်ရှက်စရာကောင်းတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

ချမ်းချမ်းကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးအင်တာဗျူးဖြေဆိုရာမှာ မျက်ရည်ကျခဲ့တဲ့အထိ စိတ်ထိခိုက်နေခဲ့တာဖြစ်ပြိး အတော်လေးဝမ်းနည်းနေဟန်လည်းတူပါတယ်။အင်တာဗျုူးအပြည့်အစုံကိုတော့အောက်မှာတပါတည်းနားဆင်နိုင်ပါတယ်နော်။

Credit – 8 Days TV