ညီမဖြစ်သူ အရမ်းလှနေတာကို မနာလိုဖြစ်ပြီး အမအရင်းဖြစ်သူက ဓားနဲ့ုထိုးသတ်

2020-02-13 22:15:13


ညီမဖြစ်သူ အရမ်းလှနေတာကို မနာလိုဖြစ်ပြီး အမအရင်းဖြစ်သူက ဓားနဲ့ုထိုးသတ်

ညီမဖြစ်သူ အရမ်းလှနေတာကို မနာလိုဖြစ်ပြီး အမအရင်းဖြစ်သူက ဓားနဲ့ုထိုးသတ်



ယနေ့ ခေတ်မှာ ကြောက်စရာ အကောင်းဆုံး သတ္တဝါဟာ လူလို့ ဆိုလာကြပါတယ်။ ဒီစကားဟာ မှန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လူတွေက လိုချင်တပ်မက်လာရင် ရက်စက်တတ်ကြသလို၊ မနာလိုဝန်တိုပြန်ရင်လည်း သတ်ဖြတ်တတ်ကြပါတယ်။ အခု ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းကတော့ ညီမ အရင်းဖြစ်ပြီး အမ က ညီမ ကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ သတင်းလေးဖြစ်ပါတယ်။


ဒီအဖြစ်အပျက်ဟာ ၂၀၁၆ ခုနှစ်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် Elizaveta Dubrovina ဟာ ညီမ အရင်းဖြစ်တဲ့ အသက် ၁၇ အရွယ် Stefannia ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။


Stefannia လေးဟာ ချောမောလှပယုံသာမက မော်ဒယ် လည်း လုပ်ခဲ့ပါတယ်။ ဒါကို အမ ဖြစ်သူဟာ မနာလို စိတ်ထားယုံမက သတ်ဖြတ်တဲ့အထိကို မုန်းတီးလာခဲ့ပါတယ်။ အဆိုပါ Stefannia ကို ဓားနဲ့ အချက်ပေါင်း ၁၈၉ ချက် ထိုးသတ်ခဲ့ပါတယ်။ ဒ့ါအပြင် မျက်လုံးကို ဖောက်ခဲ့ပါသေးတယ်။ နားရွက်များလည်း ဖြတ်တောက်ခဲ့ပါတယ်။ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ Stefannia ဟာ နေရာမှာတင်ပဲ ဒဏ်ရာတွေရဲ့ ဝေဒနာကို ခံစားပြီး သေဆုံးခဲ့ရပါတယ်။


ယင်း ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ Elizaveta ကို စိတ်ရောဂါဆေးရုံမှာ ဦးစွာ ကုသမှုခံယူပြီး တရားရုံးတင် စစ်ဆေးခဲ့ရပါတယ်။ ဆေရုံမှာ ကုသချိန်ဟာ ကြာမြင့်ခဲ့တာကြောင့် အမှုဖြစ်ပြီး နှစ်များစွာမှ စစ်ဆေး အမိန်ချနိုင်ခဲ့ပါတယ်။ Elizaveta ကို လူမဆန်စွာ သတ်ဖြတ်မှုအတွက် စိန့်ပီတာစဘတ် တရားရုံးက ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ပါတယ်။ အခုလို ညီမအရင်းတောင်မှ ဒီလို သတ်ဖြတ်ခဲ့ကြတယ်ဆိုတာ တော်တော်ကို လူစိတ်ကင်းမဲ့သွားတဲ့ ဖြစ်ရပ်ပါပဲ။ ဒ့ါကြောင့်လည်း လောကမှာ ကြောက်စရာ အကောင်းဆုံးက လူလို့ ပြောကြတာပေ့ါနော် ပရိတ်သတ်ကြီး ………..။