ကျောင်းသားတွေကို HD တွေပို့ပေးပြီး သူနဲ့မဆက်ဆံရင်စာမေးပွဲချပစ်မယ်ဆိုတဲ့ ဆရာမ

2020-02-13 22:12:50


ကျောင်းသားတွေကို HD တွေပို့ပေးပြီး သူနဲ့မဆက်ဆံရင်စာမေးပွဲချပစ်မယ်ဆိုတဲ့ ဆရာမ

ကျောင်းသားများကို အဆင့်ကောင်းကောင်းလိုချင်ပါက သူမကို ဆက်ဆံပေးရမယ်လို့ အတင်းအကြပ်ခြိမ်းခြောက်ခဲ့တဲ့ ဆရာမတစ်ယောက်ဟာ ပြင်းထန်တဲ့ထောင်ဒဏ် ချမှတ်ခံရဖွယ်ရှိပါတယ် ။ ယိုကတ်စတန်အမ် လို့အမည်ရတဲ့ အသက် ၄၀ အရွယ်ကျောင်းဆရာမတစ်ယောက်ဟာသူမရဲ့တောင်းဆိုချက်ကို မလိုက်လျောသူကို စာမေးပွဲချပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သေးကြောင်း ကျောင်းသားများရဲ့ထွက်ဆိုချက်များ အရသိရှိရပါတယ် ။ သူမဟာ ကိုလံဘီယာနိုင်ငံမှ ဆရာမတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘတစ်ဦးမှ ကလေးရဲ့လက်ကိုင်ဖုန်းထဲကနေ



အဆိုပါဆရာမရဲ့ အဖော်အချွတ်ပုံတွေကို တွေ့သွားခဲ့ရာမှတစ်ဆင့် ရဲတပ်ဖွဲ့ကိုတိုင်ကြားလိုက်တာကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ် ။ အဆိုပါကျောင်းသားကို လူမှုကွန်ရက်မှ တစ်ဆင့် ချဉ်းကပ်ကာ WhatsApp မှတစ်ဆင့် မဖွယ်မရာပုံများပေးပို့ခဲ့ခြင်း ဖြစ်တယ်လို့ သိခဲ့ရပြီး



ကျောင်းသားရဲ့ ဖခင်ဖြစ်သူဟာ ဒါဟာလက်သင့်ခံဖွယ် မရှိနိုင်တဲ့လုပ်ရပ် လို့ဆိုပါတယ် ။ သူမက လေ့လာရေးမှာ ကူညီပေးမယ်လို့ ကနဦးကမ်းလှမ်းခဲ့ပြီး နောက်ပိုင်းအဆိုပါ ဓာတ်ပုံများပေးပို့ပြီး အသက် ၁၆ နှစ် အရွယ် ၁၇ နှစ်အရွယ်ကျောင်းသားများကို အသီးသီးကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ် ။



လက်ရှိအချိန်မှာ သူမဟာ ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခံရဖွယ်ရှိပြီး သူမရဲ့ ခင်ပွန်းဖြစ်သူကလည်း ကွာရှင်းဖို့ အတွက်ဆောင်ရွက်နေတာဖြစ်တယ် လို့ သိရပါတယ် ။