“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း”နှင့် ရရှိသောငွေကြေးမှအလှူ…


“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း”နှင့် ရရှိသောငွေကြေးမှအလှူ…

“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း” ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်ဆိုတာ အားကျအတုယူရမယ့် အကြောင်းအရာဖြစ်သလား။


ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်။ အဲဒါကို အကုသိုလ်+ကုသိုလ် ရောနှောနေတဲ့ မိဿကကံလို့ ခေါ်တယ်။


မိဿကကံကို ပြုထားသူက နောက်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင် ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ရင် စီးပွားမဖြစ်တော့ဘူး။ ဒုစရိုက်လုပ်ငန်းကို လုပ်ကိုင်မှသာလျှင် စီးပွားဖြစ်တော့တယ်။


အဲဒီအခါမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတာ မဟုတ်ဘူး။ မကောင်းတာလုပ်လို့ မကောင်းတာဖြစ်ရင် ငါစီးပွားတက်စရာအကြောင်းမရှိဘူးဆိုပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။


မိစ္ဆာဒိဋ္ဌိဖြစ်သွားတဲ့အခါမှာ ချမ်းသာဖို့ စီးပွားတက်ဖို့ဆိုရင် မပြုဝံ့တဲ့ဒုစရိုက်မှုဆိုတာ မရှိတော့ဘူး။ သေလွန်တဲ့အခါ ငရဲကနေ လွတ်ဖို့ခက်သွားပါပြီ။


ဒုစရိုက်ပြုပြီး ချမ်းသာတယ် စီးပွားဖြစ်တယ်ဆိုတာ ကြာမျိုးငါးပါးနဲ့ ပြည့်စုံသာယာနေတဲ့ ရေကန်ကြီးထဲမှာနစ်ပြီးသေရတာနဲ့ အတူတူပဲ။


သုစရိုက်မှုတွေနဲ့ ချမ်းသာတာ စီးပွားဖြစ်တာကတော့ ပျားရည်ကန်ကြီးထဲမှာ ပျားရည်သောက်ရင်း ကူးခတ်ပြီး တစ်ဖက်ကမ်းကို ရောက်သွားသူနဲ့ တူပါတယ်။


ဒါ့ကြောင့်…. မကောင်းမှုပြုလုပ်ပြီး ဒုစရိုက်နဲ့အသက်ဝမ်းကြောင်းပြု ချမ်းသာကြွယ်ဝနေသူတွေကို အတုယူအားကျမှုမရှိကြစေဖို့ အထူးသတိပြုကြရန်လိုအပ်ပါတယ်။ လှူတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့စိတ်ဟာလည်းပဲ သမာအာဇီဝကျကျ ရှာဖွေထားတာနဲ့ မကောင်းမှုပြုပြီးရှာဖွေထားတာလှူရတာတို့မှာ ခံစားမှုမတူနိုင် ဝမ်းမြောက်မှုမတူနိုင်ပါဘူး။


မိမိရိုးသားစွာရှာဖွေထားတဲ့ သူများမျက်ရည်မပါတဲ့ အေးချမ်းသောငွေတစ်ထောင်နှင့်သာ လှူလိုက်ပါ ဝမ်းသာအားရရှိရပါတယ်။ မသမာသောနည်းနဲ့ရတဲ့ ငွေတစ်သိန်းမှာ သူများမျက်ရည်တွေဘယ်လော​က်ပါနေသလဲ မိမိကိုယ်တိုင် အသိဆုံးဖြစ်မှာမို့ ဝမ်းမြောက်အားရရှိနိုင်ပါမည်လော…..


Crd…