လမ်းဘေးမှာ ရေမုန့်ကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့ မွန်မြတ်တဲ့ အလှူ လက်ဖျားခါလောက်ပါတယ်

2020-02-13 19:03:17


လမ်းဘေးမှာ ရေမုန့်ကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့ မွန်မြတ်တဲ့ အလှူ လက်ဖျားခါလောက်ပါတယ်

လမ်းဘေးမှာ ရေမုန့်ကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့ မွန်မြတ်တဲ့ အလှူ လက်ဖျားခါလောက်ပါတယ်


ဒီ အဒေါ်ကြီး နာမည်က ဒေါ်အေးရီ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် မဲဇလီ ကျေးရွာ ထဲကပါပဲ။ အမျိုးသားက ဆုံးသွားတာ ကြာပြီ။ သားတယောက်က စစ်သား တိုက်ပွဲမှာကျဆုံးသွားတယ်။ ပင်စင်လခ လေးရတယ်။ စနေစျေးမှာ ရေအိုးတွေရောင်းတယ် ညနေဘက် အကြော် ရေမုန့်ရောင်းတယ်။ ကုန်စုံဆိုင်သေးသေးလေးရောင်းတယ်။


သူ က မဲဇလီဆေးရုံ ကို လစဉ် အောက်ဆီဂျင် Oxygen ဝယ်ဖို့ ငွေ ၃၃၀၀၀ လှူတယ်။ ၁၀ လကျော်ပြီ။ တနှစ်ထဲရောက်တော့မယ်။ မပျက်မကွက်လှူပါတယ်။ တလကို ၅၀၀၀၀ လှူမယ်ပြောတာ မလှူနဲ့ အမေကြီးလို့ ၃၃၀၀၀ ဆိုရင် သုံးလုံး ဝယ် လို့ရတယ်။ အောက်ဆီဂျင်အိုးကြီး (၅)လုံးရှိတယ်။ လတိုင်း (၅) လုံးမကုန်ဘူးလို့ပြောရတယ်။


သူလှူတဲ့ အောက်ဆီဂျင်နဲ့ အသက်ဆက်သူတွေ အများကြီး ရှိပြီပေါ့။ ကုသိုလ်တွေ လစဉ်ရနေတာပေါ့။ လေးလေးစားစား ဂုဏ်ပြုပါတယ်…


Credit Htet Wai Lin