အရိုးပွရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ငါးလေးအိုးကပ် …

2020-02-13 19:01:27


အရိုးပွရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ငါးလေးအိုးကပ် …

အရိုးပွရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ငါးလေးအိုးကပ် …


ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်


ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။


ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။


ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ်ကျပ်သားလျှင် ငါးရာကျပ် ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။


ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေးအိုးကပ် ချက်စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။


ငါးသလဲထိုးလေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော်ပြုလုပ်၍လည်း စားသုံးကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။


ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ်နိုင်သည်။


လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို” အရိုးအဆစ် ဆယ်စုနှစ်” အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ်ခဲ့သည်။


ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။


အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။


ယခုအရိုးအဆစ် ဆယ်စုနှစ် လွန်လာသောအခါ ခေါင်းထောင်လာသော ရောဂါမှာ ”အရိုးပွရောဂါ” ဖြစ်သည်။ အရိုးတွင် အနှစ်နည်းပြီး အရိုးပါးလာသောကြောင့်ဖြစ်သော ရောဂါ ဖြစ်သည်။


ယောကျင်္ားများ အသက် (၅ဝ) ကျော်တွင် ဖြစ်လေ့ရှိပြီး မိန်းမများတွင် သွေးဆုံးပြီးနောက် အရိုးပွလာသည်ကို ထူးခြားစွာ လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။


အရိုးပွ၊ အရိုးပါးရောဂါသည် အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် ပထဝီဓာတ် အားယုတ်သော ရောဂါဖြစ်သည်။ ပထဝီဓာတ်သည် အရိုးအဆစ်တို့၏ အမာခံဓာတ် ဖြစ်သည်။


၎င်းဓာတ် ချို့တဲ့လျှင် ဝါယောဓာတ် ခေါင်းထောင်လာသဖြင့် လေဖြတ်နိုင်သည်။


ငါးလေးအိုးကပ် စားခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟု ရှေးက မြန်မာဓာတ်စာ ဆရာကြီးများက ညွှန်ကြားကြသည်။


Credit – ျမဝတီ