စွန့်ပစ် လိမ္မော်အခွံ၊သံပုရာအခွံ နှင့်ရှောက်သီးအခွံများကို သကြားလုံး၊သကြားချောင်း ဖြစ်အောင်ပြုလုပ်နည်း

2020-02-13 19:00:06

ပြုလုပ်နည်းက အရမ်းလွယ်ကူပါတယ် ခင်ဗျ..

ပမထဆုံး လိမ္မော်သီး (၄)လုံးကို အခွံခွာယူပါ..

၎င်းအခွံများကို ရေနွေးပူပူထဲ၌ ထည့်ပြုတ်ပါ။

သူက ၂ကြိမ်ပြုတ်ရမှာပါ။

ပထမဆုံးအကြိမ်ပြုတ်လိုက်လို့ထွက်ရှိလာတဲ့ အခါးရည်များကို စွန့်ပစ်ပါ။

နောက်ထပ် ဒုတိယအကြိမ် ထပ်ပြုတ်ပါ။

ဒုတိယအကြိမ်ပြုတ်ပြီးသားအခါးရည်များကိုလည်း ထပ်မံစွန့်ပစ်ပါ။

ပြီးတော့..ပြုတ်ပြီးသား လိမ္မော်အခွံများကို ရေစစ်ပြီးအအေးခံထားပါ။

ဒါက ပထမ အဆင့်ပြီးသွားပါပြီ။

အခုက ဒုတိယအဆင့်ပါ။

ဒုတိယအဆင့်အနေဖြင့် သကြား( ၃)ခွက်၊ရေ( ၃)ခွက်ကို ရောစပ်၍ ရေပွက်ပွက်ဆူလာသည့်အထိ့ ကျိုချက်ပါ။

သကြားများအရည်ပျော်သွားပါက ရေစစ်ထားသော ပြုတ်ပြီးသား လိမ္မော်အခွံများကို သကြားရည်ထဲသို့ရောထည့်ပြီး (၄၅)မိနစ်ခန့်(သို့)ပျစ်တွဲလာသည့်အထိ့ ကျိုချက်ပါ။

လင်ဗန်း(သို့)ပန်းကန်တစ်ခုထဲသို့ သကြားများဖြန့်ပြီး ထည့်ထားပါ။

သကြားများဖြန့်ဖြူးထားသော ဗန်းထဲသို့ ကျိုချက်ပြီးသား လိမ္မော်အခွံများကို ဆယ်ယူထည့်၍ သကြားများဖြင့်ရောသမပြီး တစ်ရက်၊နှစ်ရက်ခန့်ကြာအောင် အအေးခံပေးထားလိုက်ပါက ချိုမွှေးသော လိမ္မော်အခွံသကြားချောင်းလေးများကို စားသုံးနိုင်ပါသည်။

ဘဝခါးခါး