နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုတဲ့ အက်စတာ

2020-02-13 18:46:30


နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုတဲ့ အက်စတာ

နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုတဲ့ အက်စတာ


Myanmar Idol Season (4)ရဲ့ Winner ဆုရှင် အက်စတာကတော့ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလိုဖျော်ဖြေနေရပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ စတင်ရပ်တည်နေပြီပဲဖြစ်ပါတယ်။အက်စတာကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းခံနေရတာတွေလည်း ရှိနေပါသေးတယ်။


အက်စတာကတော့ သရုပ်ဆောင်ဘက်ကို ကြိုးစားကြည့်ချင်ပေမဲ့လည်း သရုပ်ဆောင်တတ်တဲ့အထဲမှာမပါတာကတစ်ကြောင်း၊ ချင်းစကားတောင်မနည်းသင်နေရပြီး တိုင်းရင်းသားဖြစ်တဲ့အတွက် မြန်မာစကားကို အရမ်းကျွမ်းကျွမ်းကျင်ကျင်မပြောတတ်တာကြောင့် သူနဲ့ အတူတူ ရိုက်တဲ့ မင်းသားတွေမူးလဲသွားမှာစိုးလို့ ရုပ်ရှင်ကတော့ မရိုက်ဖြစ်သေးဘူးလို့လည်း ဆိုထားပါတယ်။သရုပ်ဆောင်အလုပ်ကို လုံးဝမလုပ်တာမျိုးတော့မဟုတ်ဘဲ အဆိုတော်အလုပ်ကို ပစ်မှတ်ထားလုပ်ချင်တာဖြစ်ပြီး ကိုယ့်သီချင်းမှာသရုပ်ဆောင်တာကိုတော့လုပ်သွားမှာပါလို့လည်း သိရပါတယ်။


သရုပ်ဆောင်လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အက်စတာက မင်းသားတွေကို အကုန်ကြိုက်ပြီး သရုပ်ဆောင်ခွင့် ရမယ်ဆိုရင်တော့ နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့(၄)ယောက်နဲ့ရိုက်ချင်ပါတယ်လို့လည်း ဖြေကြားလာခဲ့ပါတယ်။ ပရိသတ်ကြီးတွေရော အက်စတာကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေလုပ်ကိုင်တာကို မြင်ချင်နေကြပြီလား။