တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကြီးကို KNU က တိုက် ခိုက် သိမ်းပိုက်


တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကြီးကို KNU က တိုက် ခိုက် သိမ်းပိုက်

တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကြီးကို KNU က တိုက် ခိုက် သိမ်းပိုက်ဟု သတင်းထွက်ပေါ်


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကို KNU က သိမ်းပိုက်လိုက်ကြောင်း KNU သတင်းရင်းမြစ် ၂ ခုထက်မနည်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုလာသော်လည်း KNU တပ်မဟာ ၅ ၏ တရားဝင် အတည်ပြုချက် မရရှိသေးပေ။


နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း KNU တပ်မဟာ(၅) နယ်မြေ ရှိ အာဏာ သိမ်းစစ်ကောင်စီ၏အမာခံ မဲဝိုင်တပ်စခန်းကြီးတစ်ခုကို KNU KNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားသကဲ့သို့ KNU ဘက်မှလည်း အကျအဆုံးရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။


ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ စခန်းသိမ်းတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး KNU တရားဝင် ထုတ်ပြန်ချက်နှင့် အတည်ပြုချက် မရှိသေးသဖြင့် သတင်းကို တရားဝင် အတည်ပြုနိုင်ခြင်းမရှိသေးပေ။


KNU သတင်းရင်းမြစ် Thoo Lei ကမူ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်မှာ မဲဝိုင်စခန်းသိမ်း တိုက်ပွဲမှာ နံနက် ၈ နာရီအချိန်မှ နေ့လည် ၂ နာရီအထိကြာမြင့်ကြောင်း ည ၆ နာရီအထိ KNU ကရှင်းလင်း ခဲ့ကြောင်း ဖော်ပြထားသည်။


ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo Credit – AFP