စစ်ဆေးမူပုံစံပြောင်းလဲလိုက်တာကြောင့် သေဆုံးသူနဲ့ကူးစက်သူအရေအတွက် စံချိန်တင်မြင့်တက်လာတဲ့ တရုတ်

2020-02-13 12:05:23


စစ်ဆေးမူပုံစံပြောင်းလဲလိုက်တာကြောင့် သေဆုံးသူနဲ့ကူးစက်သူအရေအတွက် စံချိန်တင်မြင့်တက်လာတဲ့ တရုတ်

စစ်ဆေးမူပုံစံပြောင်းလဲလိုက်တာကြောင့် သေဆုံးသူနဲ့ကူးစက်သူအရေအတွက် စံချိန်တင်မြင့်တက်လာတဲ့ တရုတ်


ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ စစ်ဆေးမှုအရေအတွက်ပုံစံ ပြောင်းလဲလိုက်တာကြောင့် တစ်ရက်ထဲမှာတင် တရုတ်ပြည်တွင်း သေဆုံးသူ (၂၄၂)ယောက်နဲ့ ကူးစက်ခံရသူ ဦးရေဟာလည်း တစ်ရက်ထဲမှာ တစ်သောင်းခွဲနီးပါး (၁၄၈၄၀) အထိမြင့်တက်သွားပါတယ်။


ဖေဖော်ဝါရီ ၁၃ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း (၁၃၅၇)ယောက်ရှိပြီး ကူးစက်ခံရသူပေါင်း ၆သောင်းကျော် (၆၀၀၁၇)ကို အတည်ပြုထားပါတယ်။


အခုလို တစ်ရက်ထဲမှာ အရေအတွက် မြင့်တက်သွားရတာကလဲ အရင်က ဆေးခန်းတွေမှာ စစ်ဆေးကုသထားသူတွေ၊ သံသယလူနာစာရင်းထဲက တိုးလာသူတွေကိုပါ ထည့်သွင်းတွက်ချက်တဲ့စနစ်ကို တရုတ်ကပြောင်းလဲကျင့်သုံးလိုက်တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်ပြည် ဟူဘေးပြည်နယ်တစ်ခုထဲမှာတင် ကူးစက်ခံရမှုပေါင်း ၅သောင်းနီးပါး (၄၈၂၀၆)ကို အတည်ပြုထားပါတယ်။


မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၂ရက်နေ့ ည၈နာရီအထိ လူနာသစ်မရှိပဲ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက ဆေးရုံတွေမှာ စောင့်ကြည့်လူနာ (၁၆)ယောက်ကို စောင့်ကြပ်ကြည့်ရှူ ကုသပေးနေတယ်လို့ သိရပါတယ်။


DVB TV News