တရုတ်မှာ ဗိုင်းရဗ်ကြောင့် သေဆုံးသူ တစ်ရက်ထဲ၂၄၂ ဦးအထိစံချိန်တင်မြင့်တက် ၊ စုစုပေါင်း သေဆုံးသူ သူ ၁၃၆၃ ဦးရှိပြီ

2020-02-13 10:10:39


တရုတ်မှာ ဗိုင်းရဗ်ကြောင့် သေဆုံးသူ တစ်ရက်ထဲ၂၄၂ ဦးအထိစံချိန်တင်မြင့်တက် ၊ စုစုပေါင်း သေဆုံးသူ သူ ၁၃၆၃ ဦးရှိပြီ

တရုတ်မှာ ဗိုင်းရဗ်ကြောင့် သေဆုံးသူ တစ်ရက်ထဲ၂၄၂ ဦးအထိစံချိန်တင်မြင့်တက် ၊ စုစုပေါင်း သေဆုံးသူ သူ ၁၃၆၃ ဦးရှိပြီ


တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသူအရေအတွက်ဟာ မနေ့ကတစ်ရက်ထဲမှာ ၂၄၂ ဦးအထိစံချိန်တင်မြင့်တက်သွားတယ်လို့ တရုတ်အာဏာပိုင်တွေရဲ့တရားဝင်ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ အခုလိုစံချိန်တင်မြင့်တက်လာတာကြောင့် ကိုရိုနာဗိုင်းရဗ်််််််််််််််််််််််််််််််စ်ကြောင့် စုစုပေါင်း သေဆုံးသူ ၁၃၆၃ ဦးရှိပြီး ကူးစက်ခံရသူ ၆၀၀၁၇ ဦးရှိလာပြီး လို့သိရပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုထက် ပိုမိုဆိုးဝါးတဲ့ လူသားတွေရဲ့ နံပါတ်တစ်ရန်သူ အဖြစ် သတ်မှတ်ပြီး ရင်ဆိုင်ဖြေရှင်းကြဖို့ သတိပေးလိုက်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ အမည်ကို ကိုဗစ်- 19 ( Covid-19 ) လို့သတ်မှတ်လိုက်ပြီလို့ လဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့င တရားဝင်ပြောကြားလိုက်ပါတယ်။


” ကိုရိုနာဗိုင်းရပ်စ်အတွက် ကျနော်တို့ တရားဝင်အမည်ရပါပြီ၊ အဲဒါကတော့ Covid-19″ ဖြစ်တယ်လို့ WHO အကြီးအကဲ တက်ဒရိုစ်က သတင်းထောက်တွေကို ပြောပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ညွန်ကြားရေးမှူး ဂယ်ဘရိုက်စပ် က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွါးနေမှုဟာ တရုတ်ပြည်ထဲတွင်သာမက ကျန် ကမ္ဘာ့နိုင်ငံအားလုံးအတွက် အင်မတန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ အန္တရာယ်ဖြစ်တယ်လို့ ပြောပါတယ်။


WHO ဦးဆောင်တဲ့ နိုင်ငံတကာ ဆေးပညာရှင် အဖွဲ့ဟာ ဒီ ဗိုင်းရပ်စ်ပိုးဖြစ်ပွားမှုကို လေ့လာစစ်ဆေးဖို့ တရုတ်ပြည်ကို ရောက်ရှိနေတာ နှစ်ရက် ရှိပါပြီ။ ဒါပေမဲ့ အဲဒီအဖွဲ့မှာ အမေရိကန်ပညာရှင်တွေ လိုက်ပါခွင့်မရသေးပါဘူး။


အခြားတစ်ဖက်မှာလဲ သတင်းကောင်းအနေနဲ့ ကိုရိုနာဗိုင်းရဗ်စ်ရောဂါခံစားနေသူ ၅၆၈၀ မှာ ကုသ၍ ပျောက်ကင်း သက်သာသွားပြီလို့ တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုထားသည်။


Rrf; BBC News


Writer_HULK ( XYZ News )