အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း မိုးသီးကြွေခြင်းနှင့် BOB cyclone မုန်တိုင်းသတိပေးချက်


အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း မိုးသီးကြွေခြင်းနှင့် BOB cyclone မုန်တိုင်းသတိပေးချက်

၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ(၂၂)ရက်နေ့မြန်မာစံတော်ချိန်(၀၈:၀၀)နာရီအချိန် မိုးဇလထုတ်ပြန်ချက်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းအတွက်သတိပေးထုတ်ပြန်ထားပါတယ်။






မိုးဇလထုတ်ပြန်ချက်အရ “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှတိုက်ခတ်လာသောလေနွေးများနှင့်


တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများရပ်ဝန်းမှသွယ်တန်းထိုးဆင်းလာသော လေအေးများတွေ့ဆုံမှုကြောင့်(၂၃.၁၁.၂၀၂၁)ရက်နေ့မှ (၂၇.၁၁.၂၀၂၁)ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး


ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျားမှနေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်”လို့ ထုတ်ပြန်ပေးထားပါတယ်။


အကြံပြုချက်မှာပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားပါတယ်။


မိုးလေဝသ စုစုစံ ထုတ်ပြန်ချက်အရ ”၂၀၂၁ နိုဝင်ဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အတွင်း andaman islandကျွန်းစုအနီးမှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ၂၇ရက်နေ့မှ ၂၉ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကိုရောက်ရှိသွားကာ


depression (or) deep depression အဆင်မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်၂၃ရက်နေ့မှ ၂၅ရက်နေ့အတွင်း လေဝဲရဲ့အထက်လေစီးကြောင်း 850hpa & 700hpa ရေငွေ့ပါတဲ့လေစီးတွေက


မကွေးတိုင်း မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့မြောက်ပိုင်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတွေကိုသက်ရောက်လာကာ မိုးအသင့်အတင့်မှဒေသအလိုက်အနည်းအများကွာခြားနိုင်ပေမယ့်မိုးရွာနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းနှင့်မြောက်ပိုင်းမိုးကြီးနိုင်ပါတယ်” ဆိုပြီး ခန့်မှန်းပေးထားပါတယ်။