ချစ်သူများနေ့အမှီ ရက်တိုသင်တန်းဖွင့်ဖို့ စိတ်ကူးနေတဲ့ ဝင်းမင်းသန်း

2020-02-12 17:00:59


ချစ်သူများနေ့အမှီ ရက်တိုသင်တန်းဖွင့်ဖို့ စိတ်ကူးနေတဲ့ ဝင်းမင်းသန်း

ချစ်သူများနေ့အမှီ ရက်တိုသင်တန်းဖွင့်ဖို့ စိတ်ကူးနေတဲ့ ဝင်းမင်းသန်း


Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ ဝင်းမင်းသန်းကတော့ လတ်တလောမှာ သူ့ရဲ့ ပွင့်လင်းလှတဲ့ အပြောလေးတွေကြောင့် ပရိသတ်တွေက တော်တော်လေးကိုသဘောတွေကျနေခဲ့ကြပါသေးတယ်။အမျိုးသမီးထုကြီးဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့ အပျိုကြီးဝင်းမင်းသန်းကိုတော့ များသောအားဖြင့် မိန်းကလေးထုကြီးကပိုမိုသဘောကျနှစ်သက်ကြတာလည်း ဖြစ်ပါတယ်။


မကြာခင်မှာ ရောက်လာမယ့် ချစ်သူများနေ့အတွက် ဝင်းမင်းသန်းက မိန်းကလေးတွေကို သတိပေးစကားပြောကြားခဲ့ပြီး သတိပေးစကားပြောကြားချိန်မှာ သုံးနှုန်းခဲ့တဲ့ Krrrooot ဆိုတဲ့ စကားလုံးလေးဟာ လတ်တလော ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားနေတဲ့ စကားလုံးလေးတစ်လုံးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ဝင်းမင်းသန်းပြောသလိုတော့ တထပ်တည်းကျအောင်မပြောနိုင်ဖြစ်နေခဲ့ကြပါသေးတယ်။


ဝင်းမင်းသန်းကတော့ အခုလိုဖြစ်နေတဲ့ အပေါ် “Krrrooot လို့ အသံမထွက်တတ်သေးသူများ ဘာလင်တိုင်းအကြို ရက်တိုအမြန်သင်တန်းဖွင့်ပေးမည်။ ကြိုတင်စာရင်းပေးပါရန်”ဆိုပြီး ရက်တိုသင်တန်းဖွင့်ပေးမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အရွှန်းဖောက်စနောက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေထဲမှာရော အပျိုကြီးရဲ့ Glow Nation အဖွဲ့ဝင်ဖြစ်ပြီး သင်တန်းတက်ချင်တဲ့ သူတွေရှိရင် မြန်မြန်စာရင်းပေးလိုက်တော့နော်။