မန္တလေးမှာ ပရိသတ်ပိုများတယ်ထင်လို့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖြစ်တာပါဆိုတဲ့ ပိုပို

2020-02-12 17:00:01


မန္တလေးမှာ ပရိသတ်ပိုများတယ်ထင်လို့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖြစ်တာပါဆိုတဲ့ ပိုပို

မန္တလေးမှာ ပရိသတ်ပိုများတယ်ထင်လို့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖြစ်တာပါဆိုတဲ့ ပိုပို


ချစ်ဖူးခဲ့သမျှသီချင်းခွေလေးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုရရှိခဲ့ပြီး အနုပညာလောကမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ပိုပိုကတော့ လာမယ့် ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ သူ့အတွက် အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးကျင်းပပြုလုပ်သွားဖို့ စီစဉ်နေတာလည်း ပရိသတ်ကြီးသိရှိပြီးသားဖြစ်မှာပါ။ပိုပိုကတော့ ငယ်ငယ်ထဲက အဆိုတော်တွေ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးမှာ ပရိသတ်တွေကို ဖျော်ဖြေနေတာတွေကိုအားကျခဲ့ရတာကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကျင်းပချင်တဲ့ အိပ်မက်လေးတစ်ခုရှိနေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အကောင်အထည်ဖော်နိုင်တော့မှာပဲဖြစ်ပါတယ်။


ပိုပိုကသူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲလေးကို မန္တလေးမြို့မှာ သွားရောက်ကျင်းပပြုလုပ်မှာဖြစ်ပြီး အခုလို မန္တလေးမှာ ကျင်းပဖြစ်တာနဲ့ ပတ်သက်လို့လည်း “မန္တလေးမှာ ပို့ရဲ့ ပရိသတ်တွေကပိုတောင့်တယ်လို့ခံစားမိလို့။မန္တလေးကိုလည်း ပိုကမသွားဘူးဆိုရင်တောင် တစ်နှစ်ကို အခေါက်(၂၀) (၃၀)လောက်သွားနေရတယ်။ရန်ကုန်မှာ ပွဲနည်းတယ်။ပြီးတော့ စစ်ကိုင်း၊မုံရွာ၊ပြင်ဦးလွင်က ပရိသတ်တွေကလည်း လာကြမှာ၊ ရန်ကုန်က အမာခံပရိသတ်တွေကလည်း ကားနဲ့ လာကြမယ်တဲ့”ဆိုပြီး ဖြေကြားလာခဲ့ပါတယ်။ပိုပိုကတော့ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို အကောင်းဆုံး စီစဉ်ထားပြီး သူ့ရဲ့ အိပ်မက်နဲ့ထပ်တူကျရတဲ့ ရှိုးပွဲကြီးဖြစ်အောင်ကြိုးစားထားပါသေးတယ်။


ရှိုးပွဲကြီးမှာတော့ ပိုပိုက သီချင်း(၂၉)ပုဒ်ကို သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး အချစ်ဆုံးချစ်သူက (၂၉)ရက်နေ့မှာ ထားသွားခဲ့လို့ သီချင်း(၂၉)ပုဒ်ကို သီဆိုသွားမှာပါတဲ့။ ပရိသတ်ကြီးရေ ပိုပိုကတော့ အခုရှိုးပွဲကြီးက သူ့အတွက် “ချစ်ဖူးခဲ့သမျှ” အခွေလေးထွက်ရှိလာတုန်းကလို ခံစားချက်မျိုး အရမ်းကို ရင်ခုန်နေပါတယ်တဲ့နော်။