နိုင်ငံခြားသားတွေရှေ့မှာ ရှေးမြန်မာဝတ်စုံလေးနဲ့ အကွက်ဆန်းတွေထုတ်ပြခဲ့တဲ့ ဖြူဖြူထွေး

2020-02-12 16:57:25


နိုင်ငံခြားသားတွေရှေ့မှာ ရှေးမြန်မာဝတ်စုံလေးနဲ့ အကွက်ဆန်းတွေထုတ်ပြခဲ့တဲ့ ဖြူဖြူထွေး

နိုင်ငံခြားသားတွေရှေ့မှာ ရှေးမြန်မာဝတ်စုံလေးနဲ့ အကွက်ဆန်းတွေထုတ်ပြခဲ့တဲ့ ဖြူဖြူထွေး


ဟန်ဆောင်မှုကင်းပြီး အမြဲတက်ကြွပျော်ရွှင်နေလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်ဝန်းရံအားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ကြော်ငြာရိုက်ကူးရေးတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေရပြီး သူ့ရဲ့ရိုက်ကွင်းအတွေ့အကြုံလေးတွေကိုလည်း ဗွီဒီယိုလေးပြုလုပ်ကာပရိသတ်တွေကို မျှဝေပေးလေ့ရှိသူပါ။


ဖြူဖြူထွေးကတော့ ဒီတစ်ခေါက်လက်ဘက်ရည်ကြော်ငြာရိုက်ကူးရာမှာလည်း ရှေးမြန်မာမင်းသမီးဝတ်စုံလေးနဲ့ကျက်သရေရှိရှိလှပနေတာမို့ သူ့ရဲ့ရိုက်ကွင်းမှာတော့ နိုင်ငံခြားသားတွေပါကြည့်ရှုပြီး ဓာတ်ပုံရိုက်ခဲ့ကြတာပါ။အမြဲသဘောကောင်းပြီး ပျော်တတ်တဲ့ဖြူဖြူထွေးကတော့ နိုင်ငံခြားသားတွေဓာတ်ပုံရိုက်လို့ရအောင် မြန်မာကကွက်လေးတွေပါ ကိုယ်ဟန်ပြပေးခဲ့သေးတာမို့ လာကြည့်ကြတဲ့ပရိသတ်တွေကတော့ ပွဲကျခဲ့ကြတာပါ။ဖြူဖြူထွေးကတော့ သူ့ရဲ့ဟန်အတိုင်းပဲ မျက်နှာမှာ အပြုံးပန်းလေးအမြဲဆင်ထားတဲ့အပြင် ပရိသတ်တွေကိုလည်း ဆင်းရဲ၊ချမ်းသာမရွေး ဖက်လှဲတကင်းဆက်ဆံလေ့ရှိတာကိုလည်း သူ့ရဲ့ဗွီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ။


ရိုက်ကူးရေးတွေဆက်တိုက်လုပ်နေရတဲ့ ဖြူဖြူထွေးကတော့ မကြာခင်အချိန်အတွင်းမှာ အမေ့ဆန္ဒအတိုင်း ရန်ကုန်မှာအိမ်လေးတစ်လုံးဝယ်နိုင်ဖို့ ပိုက်ဆံတွေကြိုးစားစုနေတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။တက်ကြွပျော်ရွှင်တဲ့အပြုံးလေးနဲ့ အမြဲလိုလိုပရိသတ်တွေကိုပျော်အောင်ဖန်တီးတင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။