အမာခံပရိသတ်တွေရဲ့ အကြီးအကျယ်ချစ်ပေးမှုကြောင့်ပျော်နေတဲ့ စိုးပြည့်သဇင်

2020-02-12 16:56:46


အမာခံပရိသတ်တွေရဲ့ အကြီးအကျယ်ချစ်ပေးမှုကြောင့်ပျော်နေတဲ့ စိုးပြည့်သဇင်

အမာခံပရိသတ်တွေရဲ့ အကြီးအကျယ်ချစ်ပေးမှုကြောင့်ပျော်နေတဲ့ စိုးပြည့်သဇင်


ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ ပြန်လည်လုပ်ကိုင်နေတာကိုလည်း တွေ့မြင်နေရပါတယ်။စိုးပြည့်ကတော့ အသက်(၁၄)နှစ်အရွယ်လောက်ကတည်းကအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပါ။


အမာခံပရိသတ်အခိုင်အမာရရှိထားပြီး ပရိသတ်တွေရဲ့ သူမတူအောင်ချစ်ပေးတာကိုလည်း စိုးပြည့်သဇင်က ခံစားနေရပါသေးတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလည်း သူ့ရဲ့ နာမည်လေးကိုသာမက သူ့ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နာမည်ကိုပါ အမှတ်တရအနေနဲ့ တက်တူးထိုးပေးတဲ့အထိကို အားပေးကြမ်းတဲ့ ပရိသတ်ကောင်မလေးရှိခဲ့တာကြောင့် စိုးပြည့်လေးကအံ့သြမင်သက်ဖြစ်ခဲ့ရပါသေးတယ်။


ဒီနေ့မှာလည်း သူ့ရဲ့ ပရိသတ်တွေက စိုးပြည့်တစ်ယောက် လာမယ့် ချစ်သူများနေ့မှာ ခရီးထွက်နေရမှာဖြစ်တာကြောင့် ဒီနေ့ကတည်းက ရှူတင်အထိ ချောကလက်နဲ့ ပန်းစည်းတွေ လာပေးသွားတာကြောင့် စိုးပြည့်တစ်ယောက်ပျော်ရွှင်နေခဲ့ပြီး လက်ဆောင်လာပေးသွားတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း စိုးပြည့်ကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ စိုးပြည့်လေးကတော့ ပရိသတ်တွေသူ့ကို အချစ်ကြီးချစ်ပေးတာကြောင့် အပျော်ကြီးပျော်နေပါတယ်နော်။