(၁၅)နှစ်အရွယ် ချစ်သူလေးကို အင်္ဂလန်ခေါ်လာမိလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဝက်ဖို့ဒ်ဘောလုံးသမား

2020-02-12 13:48:39


(၁၅)နှစ်အရွယ် ချစ်သူလေးကို အင်္ဂလန်ခေါ်လာမိလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဝက်ဖို့ဒ်ဘောလုံးသမား

(၁၅)နှစ်အရွယ် ချစ်သူလေးကို အင်္ဂလန်ခေါ်လာမိလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဝက်ဖို့ဒ်ဘောလုံးသမား


ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘရာဇီးကလပ် ဖလူမီနီစ်အသင်းကနေ ဝက်ဖို့ဒ်အသင်းဆီကို ရောက်ရှိလာတဲ့ ကစားသမားလေးကို သိကြမှာပါ။ ဂျာအို ပက်ဒရို ဆိုတဲ့ အသက် (၁၈)နှစ်အရွယ် ကြယ်ပွင့်ကစားသမားလေးဟာ ဝက်ဖို့ဒ်အသင်းနဲ့ (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အင်္ဂလန်မြေမှာ လာရောက်ကစားဖို့ အလုပ်သမားရေးရာ ခွင့်ပြုချက်ကိုလည်း ရရှိသွားခဲ့တာပါ။


ပရီးမီးယားလိဂ်မှာ ကစားရတော့မှာမို့ ပျော်ရွှင်နေတဲ့ ပက်ဒရို ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဘရာဇီးမင်းသမီးလေး မယ်လ်မိုင်ယာ ကိုပါ တစ်ပါတည်းခေါ်လာခဲ့ပြီး ပြီးခဲ့တဲ့ လ က လန်ဒန်မှာ အတူနေခဲ့ကြတာပါ။


ဒါပေမယ့်လည်း အင်္ဂလန်မီဒီယာတွေက ဒီအကြောင်းကို သိသွားခဲ့ပြီး ပက်ဒရို ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ အတူနေတယ်ဆိုတဲ့အကြောင်း ဝိုင်းပြီး ဖွကြတော့တာပါပဲ။


ဘရာဇီးနိုင်ငံမှာ မိန်းကလေးတွေ အသက် (၁၄)နှစ်ပြည့်ပြီဆိုတာနဲ့ တရားဝင်တွဲခွင့်ရှိပေမယ့် အင်္ဂလန်မှာတော့ အသက် (၁၆)နှစ်မပြည့်သေးပဲ တွဲရင် ၊ ဒါမှမဟုတ် အတူနေရင် ဥပဒေအရ ငြိစွန်းတာပါပဲ။


အဲဒါကို မသိတဲ့ ပက်ဒရို က လန်ဒန်မြို့ထဲက တံတားတစ်ခုပေါ်မှာ သူ့ချစ်သူနဲ့အတူ နမ်းနေတဲ့ပုံတွေကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်လိုက်တာမို့ သူ့ရဲ့အကောင့်ထဲက ပရိသတ် (၇)သိန်းကျော်အပြင်၊ မီဒီယာတွေကပါ သတိထားမိသွားတာပါ။


သူတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ကမှ စပြီး တွဲခုတ်ခဲ့ကြတာဖြစ်ပြီး မိုင်ယာ ဟာ အသက် (၁၅)နှစ်ဆိုပေမယ့် ဘရာဇီးမှာတော့ လူသိများတဲ့ မင်းသမီးလေး ဖြစ်နေပါပြီ။


အခုလို ပြဿနာတွေ ဖြစ်လာပြီးတဲ့နောက်မှာတော့ ပက်ဒရို တစ်ယောက် သူ့ရဲ့ချစ်သူလေးကို ဘရာဇီးမြေဆီ ပြန်ပို့လိုက်ရပါပြီ။ သူတို့နှစ်ယောက် အင်္ဂလန်မှာ အတူနေကြဖို့ဆိုရင်တော့ ပက်ဒရို အနေနဲ့ နောက်နှစ်အထိ စောင့်ရဦးမယ့် ပုံပါပဲ။