ချစ်သူများနေ့မှာ မိန်းကလေးတွေ ချစ်သူကိုပေးဆပ်ပြီး မချစ်မိကြဖို့ သတိပေးစကားလေး ဆိုလိုက်တဲ့ ရွှေပိုးအိမ်

2020-02-12 13:44:10


ချစ်သူများနေ့မှာ မိန်းကလေးတွေ ချစ်သူကိုပေးဆပ်ပြီး မချစ်မိကြဖို့ သတိပေးစကားလေး ဆိုလိုက်တဲ့ ရွှေပိုးအိမ်

ချစ်သူများနေ့မှာ မိန်းကလေးတွေ ချစ်သူကိုပေးဆပ်ပြီး မချစ်မိကြဖို့ သတိပေးစကားလေး ဆိုလိုက်တဲ့ ရွှေပိုးအိမ်


ရွှေပိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ မကြာခင်မှာ ကျရောက်တော့မယ့် ချစ်သူများနေ့လေးအတွက် မိန်းကလေးတွေကို သတိပေးစကားလေးဆိုလိုက်ပါတယ်နော်..။


ချစ်သူများနေ့လေးမှာ မိန်းကလေးတွေအနေနဲ့ အဓိကက ချစ်သူအပေါ်အရမ်းပေးဆပ်ပြီး မချစ်မိကြဖို့ ကြိုတင်သတိပေး စကားလေးပါးလိုက်တာပဲ ဖြစ်ပါတယ်..။


မိန်းကလေးတွေက အရမ်းချစ်တတ်ကြပြီး ချစ်တဲ့အခါပေးဆပ်ပြီး ချစ်တတ်ကြတာကြောင့် မှားသွားတဲ့အခါမျိုးတွေလည်း ရှိတတ်ကြတာမို့ မိန်းကလေးတွေအနေနဲ့ ချစ်သူများနေ့အပြင် ဘယ်နေ့ပဲဖြစ်ဖြစ် အချစ်ကို သေချာလေး ထိန်းသိမ်းပြီး ချစ်တက်ကြဖို့ကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။


အချစ်ကို သေချာလေးထိန်းသိမ်းပြီး အရမ်းကြီးစိတ်ထဲမှာ မနှစ်ဖို့နဲ့ အချစ်က ဘဝကြီးမဟုတ်သလို အချိန်တစ်ခုရောက်ရင် ငိလာမှာဖြစ်တာမို့ သူမကတော့ အဲ့ဒါလေးကိုပဲ သတိပေးချင်ပါတယ်ဆိုပြီး ပြောပြထားတာပါ..။


ရွှေပိုးလေးကတော့ သူမကလည်း Single ဖြစ်ပြီး ဒီနှစ်လေးမှာ We Love မောင်နှမတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာမို့ တောင်ကြီးမှာရှိတဲ့ Fan တွေနဲ့ ပြင်ဦးလွင်မှာရှိတဲ့ သူငယ်ချင်းတွေလည်း လာကြပြီး


We Love တွေ အကုန်လုံး (၁၄) ရက်နေ့ညမှာ ပျော်ပျော်ပါးပါး စားကြသောက်ကြပြီး ဖြတ်သန်းဖြစ်မှာပါ ဆိုပြီးတော့လည်း သူမရဲ့ V Day အစီအစဉ်လေးကိုလည်း ပြောပြထားပါသေးတယ်..။


ဖေဖော်ဝါရီ(၁၃) မှာ ကျရောက်မယ့် ဗိုလ်ချုပ်မွေးနေ့လေးကိုလည်း မမေ့ကြဖို့လည်း ပြောပြထားတဲ့ ရွှေပိုးအိမ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit – Thein Zaw win (photo magic) & Khun day & Khun San Thit & Hein Htet