ကျန်းမာရေးချို့တဲ့နေသော မြန်မာနိုင်ငံသားတစ်ဦး မြန်မာ-တရုတ်နယ်စပ်တွင် စွန့်ပစ်ခံရ

2020-02-12 13:40:58


ကျန်းမာရေးချို့တဲ့နေသော မြန်မာနိုင်ငံသားတစ်ဦး မြန်မာ-တရုတ်နယ်စပ်တွင် စွန့်ပစ်ခံရ

ကျန်းမာရေးချို့တဲ့နေသော မြန်မာနိုင်ငံသားတစ်ဦး မြန်မာ-တရုတ်နယ်စပ်တွင် စွန့်ပစ်ခံရ

 

ကျန်းမာရေးချို့တဲ့နေ သူ မြန်မာနိုင်ငံသားတစ်ဦးကို နှစ် နိုင်ငံနယ်စပ်ရှိ ခိုးဝင်ပေါက်အနီး တွင် တရုတ်ရဲတပ်ဖွဲ့က လာ ရောက်စွန့်ပစ်ရာ မူဆယ်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသပေးနေ သည်။ တီဘီရောဂါ ခံစားနေရ သော အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးကို မင်္ဂလာမူ ဆယ်အိမ်ရာအနီးရှိ မြန်မာ-တရုတ်နယ်စပ်မှ တရားမဝင် ခိုးဝင် ပေါက်အနီးတွင် တရုတ်ရဲတပ်ဖွဲ့ က လာရောက်စွန့်ပစ်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။


အဆိုပါအမျိုးသားကို မူ ဆယ်ဆေးရုံသို့ ပို့ဆောင်သည့် ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ‘‘တရုတ်ဘက်က ကားနဲ့တင်လာ ပြီး ခိုးဝင်ပေါက်မှာ ပစ်ထားခဲ့တာ တဲ့။ သတင်းကြားလို့ သွားသယ် ပြီး ဆေးစစ်တယ်။ ဖျားတာနာတာ မရှိဘူး။ တီဘီရောဂါကတော့ ဆိုး နေတယ်လို့ ဆေးရုံကပြောတယ်။ ဆေးစစ်ကြည့်တာ မူးယစ်ဆေး လည်းသုံးမထားဘူး။ အိတ်ချ်အိုင် ဗီလည်း မရှိဘူး’’ဟု ပြောသည်။ယင်းအမျိုးသား၏ ဇာတိကို အရပ်ဘက်အဖွဲ့များက စုံစမ်းရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ် ခိုင်မြို့မှဖြစ်ကြောင်း သတင်းရ ထားသော်လည်း အတည်မပြုနိုင် သေးကြောင်း ဦးသောင်းထွန်းက ပြောသည်။ ထို့ကြောင့် မူဆယ် ဆေးရုံရှိ ဖျားနာဆောင်တွင် ပိုင် ရှင်မဲ့လူနာအဖြစ် ကုသရဆဲဖြစ်သည်။



မူဆယ်မြို့နှင့် ထိစပ်နေ သော ရွှေလီမြို့တွင် ကိုရိုနာဗိုင်း ရပ်စ်ရောဂါ တိုက်ဖျက်ရေး တ ရုတ်အစိုးရက စည်းကမ်းချက် များ ထုတ်ပြန်ထားပြီး တရားမဝင် နေထိုင်သော နိုင်ငံခြားသားများ နေရပ်ပြန်ရန် သတိပေးထား သည်။