ဝူဟန်ဗိုင်းရပ်စ်အတွ က် တရုတ်ပြည်မှာ တိုက်ပွဲဝင်နေ တဲ့ ဆရာ ဝန်ပညာရှင်တစ်ဦးပြော တဲ့ သိသင့် တဲ့ ဗဟုသုတတချို့

2020-02-12 13:38:02


ဝူဟန်ဗိုင်းရပ်စ်အတွ က် တရုတ်ပြည်မှာ တိုက်ပွဲဝင်နေ တဲ့ ဆရာ ဝန်ပညာရှင်တစ်ဦးပြော တဲ့ သိသင့် တဲ့ ဗဟုသုတတချို့

ဝူဟန်ဗိုင်းရပ်စ်အတွ က် တရုတ်ပြည်မှာ တိုက်ပွဲဝင်နေ တဲ့ ဆရာ ဝန်ပညာရှင်တစ်ဦးပြော တဲ့ သိသင့် တဲ့ ဗဟုသုတတချို့


ဝူ ဟန့်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်ပြည်မှာ ဒီဗိုင်းရပ်စ်အတွက် တိုင်ပွဲဝင်နေတဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ပညာရှင်တစ်ဦးဖြေတဲ့ ဗဟုသုတတချို့ ဖတ်မိလို့ သိသင့်တယ်ထင်တာလေးတွေ ဘာသာပြန်မျှဝေပါတယ်။


၁. ကိုရို နာဗိုင်းရပ်စ်ဟာ သာမန်ပတ်ဝန်းကျင်မှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်သလဲ ။ ဖြေ-ဗိုင်းရပ်စ်က သက်ရှိခန္ဓာကိုယ်ရဲ့ဆဲလ်ထဲမှာသာ ရှင်နိုင်တာပါ။ အခန်းအပူချိန်အောက်မှာ မရှင်သန်နိုင်ပါဘူး။ ၂. ပညာရှင်တွေက ပြောတယ်.. ဒီဗိုင်းရပ်စ်က အပူချိန် ၅၆ စင်ဒီဂရိတ်ရှိတဲ့ရေပူထဲ နာရီဝက်ထည့်ရင် သေတယ်ပြောတယ်။ ၁ဝဝ ဒီဂရီရှိထဲရေထဲထည့်ရင် အချိန်ဘယ်လောက်ကြာ သေသလဲ…။ ဖြေ – ဗိုင်းရပ်စ်က သက်ရှိခန္ဓာကိုယ်ထဲပဲ ရှင်သန်တာပါ။ ခန္ဓာကိုယ်ပြင်ပမှာ မရှင်ပါဘူး။ ဒါကြောင့် အသုံးအဆောင်တွေကို ရေနွေးပူနဲ့ပြုတ်စရာမလိုပါဘူး။


၃. ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ကနေ နေ့စဉ်အသုံးအဆောင်ဖြစ်တဲ့ ဥပမာ — တံခါးလက်ကိုင်၊ ဖုန်းပေါ်ရောက်သွားရင် ဘယ်လောက်ကြာ အသက်ရှင်နိုင်သလဲ…။ ဖြေ – ဒီဗိုင်းရပ်စ်က အစာခြေလမ်းကြောင်းကနေ ကူးစက်တာ မဟုတ်ပါဘူး၊ တံခါးလက်ကိုင်၊ ဖုန်းတွေကို ကိုင်ထားတဲ့လက်နဲ့ နှာခေါင်းမနှိုက်ဖို့၊ မျက်စိကိုမပွတ်ဖို့ လိုပါတယ်။ လူ့ခန္ဓာကိုယ်ကခွာတာနဲ့ ဗိုင်းရပ်စ်က အသက်မရှင်နိုင်ပါဘူး။ ၄. အိမ်မှာ ၈၄ ပိုးသတ်ဆေးနဲ့ အရက်ပျံတွေရှိပါတယ်။ ဘယ်တစ်ခုကို အသုံးပြုသင့်ပါသလဲ…။ ဖြေ – အဲဒီပိုးသတ်ဆေးနဲ့ အရက်ပျံက အခြားဗိုင်းရပ်စ်တချို့ကို သတ်နိုင်ပေမယ့် ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ကခွာတာနဲ့ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးသုံးလည်း မထူးပါဘူး။


၅. ဒီဗိုင်းရပ်စ်က ခွေးတွေ၊ ကြောင်တွေကို ကူးစက်နိုင်သလား..။ဖြေ-အခုချိန်ထိတော့ ကူးစက်တာမျိုး မတွေ့သေးပါဘူး။ ၆. အိမ်ပြင်ထွက်တဲ့အခါ တစ်ခါသုံးလက်အိတ် ဝတ်သင့်ပါသလား..။ဖြေ- မလိုအပ်ပါဘူး။ ချမ်းရင်တော့ ဝတ်ပါ။ လက်ဆေးနေဖို့က ပိုအရေးကြီးပါတယ်။


၇. အပြင်ထွက်တဲ့အခါ ဆေးဆိုင်မှာရောင်းတဲ့ ရိုးရိုး mask မျိုး အထပ်ထပ်တပ်ရင် ကာကွယ်ရာရောက်ပါသလဲ..။ဖြေ- မလိုပါဘူး။ အပြင်ထွက်တဲ့အခါ တစ်ထပ်ပဲတပ်ရင် လုံလောက်ပါတယ်။ ၈. သူစိမ်းနဲ့စကားပြောတဲ့အခါ ဘယ်လောက်အကွာအဝေးမှ စိတ်ချရသလဲ.. စကားမပြောဘဲ ပခုံးတိုက် ဖြတ်လျှောက်ရင်ရော ကူးတတ်သလား…။ဖြေ- အကွာအဝေးနဲ့ မဆိုင်ပါဘူး။ အရေးကြီးတာက လူတည့်တည့် နှာချေတာမျိုး၊ ချောင်းဆိုးတာမျိုး မလုပ်ပါနဲ့။


၉. ဟင်းသီးဟင်းရွက်စိမ်းတွေ စားလို့ရပါသလား.. ဥပမာ– ဆလတ်။ ဖြေ – ဒီဗိုင်းရပ်စ်က အစာခြေလမ်းကြောင်းက ကူးစက်တာမဟုတ်ပါဘူး။ စားလို့ရပါတယ်။ ၁ဝ. ရောဂါပျိုးချိန်ရှိပါသလား.. ရောဂါပျိုးချိန်က ကူးစက်နိုင်ချေရှိနေပြီလား.။ ဖြေ – ရက်တိုဆိုရင် ၁ရက်၂ ရက်ပါ၊ ရက်ရှည်ဆိုရင် ၁ဝရက် ၁၂ ရက်ပါ။ သာမန်အားဖြင့်တော့ ၇ ရက်ပါ။ ဆရာဝန်စောင့်ကြည့်ချိန်က ၁၄ ရက်ပါ။ ရောဂါပျိုးချိန်က ကူးစက်နိုင်ချေများပါပြီ။ လူနာ ကိုယ်အပူချိန်မြင့်ချိန်က ကူးစက်နေပါပြီ။


၁၁. ကိုရိုနာနဲ့ သာမန်အအေးမိရောဂါ ဘာကွာခြားသလဲ..။ ဖြေ – ကိုရိုနာရောဂါရဲ့ အဓိကက ကိုယ်အပူချိန်မြင့်တာပါ။အခြားသာမန်အအေးမိရောဂါက သိပ်မမြင့်ပါဘူး။ တချို့လူနာတွေမှာ အသက်ရူရခက်တာ၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာမျိုး ဖြစ်ပါတယ်။ ၁၂. လောလောဆယ် ကုသနိုင်တဲ့ဆေး တွေ့ပြီလား..။ဖြေ- မတွေ့သေးပါဘူး။ သက်သာအောင်နဲ့ အားပေးတာလောက်ပဲ လုပ်နိုင်ပါသေးတယ်။


၁၃. ရောဂါအလိုလိုပျောက်သွားတဲ့လူမှာ ဘာထူးခြားချက်ရှိသလဲ၊ ရောဂါကျွမ်းပြီး သေသွားသူမှာရော ဘာထူးခြားချက်ရှိသလဲ…။ ဖြေ- ရောဂါအလိုလိုပျောက်တာက ခန္ဓာကိုယ်နဲ့ဆိုင်ပါတယ်။ ရောဂါခုခံအားကောင်းတဲ့ လူတွေပေါ့။ သေဆုံးသူအများကတော့ လူအိုတွေနဲ့ တခြားရောဂါရှိသူတွေပါ။၁၄. ဒီရောဂါအတွက် ရိုးရိုး အအေးမိ နှာစေး ချောင်းဆိုးဆေးတွေ ဒါမှမဟုတ် antibiotic တွေသောက်ရင် ရလား..။ ဖြေ- အကျိုးမရှိပါဘူး။