လေယာဉ်ပေါ်မှာ၊ တစ်ခြားအမျိုးသမီးကို ကြည့်တဲ့ချစ်သူကို လက်ပ်တော့နဲ့ထုခဲ့တဲ့ အမျိုးသမီး

2019-07-26 22:21:04


လေယာဉ်ပေါ်မှာ၊ တစ်ခြားအမျိုးသမီးကို ကြည့်တဲ့ချစ်သူကို လက်ပ်တော့နဲ့ထုခဲ့တဲ့ အမျိုးသမီး

ခရီးစဉ်စတင်လုဆဲ လေယာဉ်ပေါ်မှာ စုံတွဲတစ်တွဲ ပြဿနာတက်ကြရာ၊ တစ်ခြားခရီးသည်တွေအတွက်လည်း အတော်လေး အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ချစ်သူအမျိုးသားဟာ တစ်ခြားကောင်မလေးတစ်ဦးကို စေ့စေ့ကြည့်ခဲ့တဲ့အတွက် အမျိုးသမီးက မနာလိုစိတ်ဖြစ်ပြီး၊ သူ့ကို လက်ပ်တော့နဲ့ထုခဲ့တာပါ။


သူတို့နှစ်ယောက်ရဲ့ ရန်ပွဲကြောင့် လေယာဉ်ထွက်ချိန်လည်း ကြန့်ကြာခဲ့ရပါတယ်။ အဆိုပါလေယာဉ်ဟာ အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး၊ မီယာမီကနေ LA ကို ပျံသန်းမှာဖြစ်ပါတယ်။ အမျိုးသမီးဟာ ချစ်သူအမျိုးသားကို အယုတ်နတ္တမျိုးစုံ ဆဲရေးပြီး အခုလို တိုက်ခိုက်ခဲ့တာပါ။




ရန်ပွဲနေရာကို လေယာဉ်အမှုထမ်းတွေရောက်လာပြီး၊ လေယာဉ်ပေါ်မှာ ကလေးတွေပါလာတဲ့အတွက် အယုတ်နတ္တစကားလုံးတွေနဲ့ မဆဲဆိုဖို့ လာရောက်တားမြစ်ခဲ့ရာ အဆိုပါအမျိုးသမီးက လက်ခံခြင်း မရှိခဲ့ပါဘူး။ အဲဒီနောက် သူမရဲ့ ချစ်သူကို ဆက်လက် တိုက်ခိုက်ခဲ့ပြီး-


နောက် လေယာဉ်ပေါ်ကနေ ဆင်းဖို့ကြိုးစားတဲ့ သူမရဲ့ချစ်သူကို လက်ပ်တော့နဲ့ လိုက်ပြီးထုခဲ့ပါတယ်။ အခြားခရီးသည်တွေကလည်း ဒီအမျိုးသမီး ဒီလောက်ရိုင်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အမျိုးသားနာမည်ကိုတော့ သူမရဲ့ စကားထဲမှာ Memo လို့ တစွန်းတစ သိရပါတယ်။ သူတို့ကို ဘယ်လို အရေးယူမလဲဆိုတာတော့ မသိရပါဘူး။


လင်းဇော်ကို (D Nae Thit)


source : Metro