ချစ်သူများနေ့မှာ နှစ်တိုင်း ဘာမှမရပါဘူးဆိုပြီး သူမရဲ့ V Day နေ့လေးကို ပြောပြလာတဲ့ ခင်ဝင့်ဝါ

2020-02-11 18:37:33


ချစ်သူများနေ့မှာ နှစ်တိုင်း ဘာမှမရပါဘူးဆိုပြီး သူမရဲ့ V Day နေ့လေးကို ပြောပြလာတဲ့ ခင်ဝင့်ဝါ

ချစ်သူများနေ့မှာ နှစ်တိုင်း ဘာမှမရပါဘူးဆိုပြီး သူမရဲ့ V Day နေ့လေးကို ပြောပြလာတဲ့ ခင်ဝင့်ဝါ


ပရိသတ်ကြီးရေ.. ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းပြီး ကျော့ရှင်းတဲ့ လှသွေးကြွယ်မှုတွေနဲ့ အမြဲဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်..။


အောင်မြင်တဲ့ ပရိသတ်အချစ်တော်လေး ဖြစ်တဲ့အတိုင်း သူမရဲ့အချစ်ရေးလေးကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြတာမို့ မကြာခင်မှာ ကျရောက်တော့မယ့် ချစ်သူများနေ့လေးမှာ ခေးလေးတစ်ယောက် ဘယ်လိုတွေ ဖြတ်သန်းမလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်နော်..။


ခေးလေးကတော့ သူမရဲ့အချစ်ရေးလေးကို တစ်ယောက်တည်း အေးဆေးတည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေပြီး ချစ်သူများနေ့မှာ နှစ်တိုင်း ဘာမှမရပါဘူးဆိုပြီး သူမရဲ့ V Day နေ့လေးကို ပြောပြလာပါတယ်နော်..။


“V Day မှာ ဘာမှ မရပါဘူးလို့ အထင်လည်း မကြီးပါနဲ့လို့ ဒီနှစ်လည်း မရပါဘူးလို့ မရဖို့လည်း မျှော်လင့်ပါတယ်..” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ သဘောကျစွာ ပရိသတ်တွေကို ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။


ခေးလေးကတော့ အလှူအတန်းတွေကိုလည်း တကယ်လိုအပ်နေတဲ့ နေရာလေးတွေမှာ မကြာခဏအလှူလေးလုပ်ဖြစ်ပေမယ့် လိုင်းပေါ် မတင်ဖြစ်တဲ့အကြောင်းလေးတွေနဲ့ အခုလ ထမနဲရာသီဖြစ်တဲ့ တပို့တွဲလမှာ ထမနဲစားရတဲ့ ပျော်စရာ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။