ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားသွားစေမယ့် ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို ချပြလိုက်တဲ့ ကျော်ကျော်ဗိုလ်

2020-02-11 17:11:12


ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားသွားစေမယ့် ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို ချပြလိုက်တဲ့ ကျော်ကျော်ဗိုလ်

ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားသွားစေမယ့် ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို ချပြလိုက်တဲ့ ကျော်ကျော်ဗိုလ်


မင်းသားချော ကျော်ကျော်ဗိုလ်ကတော့ ယောက်ျားပီသပြီး ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသလို စကားပြောတဲ့အခါမှာလည်း အေးချမ်းတည်ငြိမ်စွာ ပြောဆိုတတ်သူ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့သလို အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်ပါတယ်။


မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတဲ့ ကျော်ကျော်ဗိုလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပုံမှန်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ရုံတင်ပြသနေတဲ့ ” ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကျော်ကျော်ဗိုလ်က ပြေတီဦး၊ ကောင်းပြည့်၊ စိုးပြည့်သဇင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုလည်း ကျော်ကျော်ဗိုလ်က ပရိသတ်တွေစိတ်ဝင်စားသွားစေမယ့် ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။




ကျော်ကျော်ဗိုလ်က မင်းသမီးချောလေး စိုးပြည့်သဇင်နဲ့အတူတွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်နဲ့ စိုးပြည့်သဇင်တို့ကတော့ “ရွှေမင်းသမီး”ဇာတ်ကားမှာ အိုက်တင်ပီပြင်အောင် အနုပညာအရည်အချင်းအပြည့်နဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်ဗိုလ်နဲ့ စိုးပြည့်သဇင်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။