” အစွမ်းထက်သော ဘုရား မျက်နှာသစ်ရေတော် ကျင့်စဉ်ကပ်နည်း ”

2020-02-11 14:14:17


” အစွမ်းထက်သော ဘုရား မျက်နှာသစ်ရေတော် ကျင့်စဉ်ကပ်နည်း ”

” အစွမ်းထက်သော ဘုရား မျက်နှာသစ်ရေတော် ကျင့်စဉ်ကပ်နည်း ”


ဘုရား မျက်နှာသစ်တော်ရေ ကို နေ့စဉ် နေ့တိုင်း ဆက်ကပ်ရန် ဖြစ်သည်။


ဆက်ကပ်သောအခါ မိမိမျက်နှာသစ်သည့်ရေ ကိုပင် ကပ်ရန်ဖြစ်ပါသည်။


မိမိ ၏ နှုတ်မှ ဖြစ်စေ.. ” ဘုရား တပည့်တော်သည် အေးမြကြည်လင် သန့်ရှင်း စင်ကြယ်သော ဤ မျက်နှာသစ်တော် ရေ ကို လှုဒါန်းပါ၏ ။” ဟု့ ဆို ၍ အနည်းငယ် အာရုံပြု့၍ ဆိုင်းငံံ့ထားပါ။


ထိုသို့.. အချိန်အနည်းငယ် ဆိုင်းငံ့ထား ပြီးမှ ထို မျက်နှာသစ်တော်ရေ ကို မိမိကိုယ်တိုင် သောက်ပါ။ မျက်နှာသစ်ပါ။


သောက်တော်ရေ ဖလား သန့်သန့်တွင် ရေထဲ့ ပြီး ဘုရား ကို ကပ်လှု ထား ပါ။ လှုဒါန်း သော အခါ.. ” ဘုရား တပည့်တော် သည် ဘုရား တရား သံဃာ မိဘ ဆရာ ဟူသော အနန္တဂိုဏ်းဝင် ကျေးဇူး ရှင် အပေါင်း တို့အား ဤ ရေ တော်ကို လှုဒါန်းပါ၏ ။ ဆက်ကပ်ပါ၏ ။ ပူဇော်ပါ၏ ။ အရှင်သူမြတ်တို့ ဘုရား ” ဟု့ ရွတ်ဆိုပါ။


နေ မွန်း လတ် (၁၁) ကျော်သည့် အခါ နံနက်က လှုဒါန်းထား သော သောက်တော်ရေ ကိုစွန့် ၍ ရေအသစ် လဲ လှု ပါ။


ညနေ (၃) နာရီ အချိန်တွင် နံနက် (၁၁) နာရီ က လှုဒါန်းထားသောသောက်တော်ရေကို စွန့် ၍အသစ် လဲ လှယ်ပါ ။


စွန့် ပြီး သော ရေ တော် များ ကို အိုး တစ်လုံးသန့်သန့် တွင်စု့ပေါင်း ၍ ထဲ့ပါ။ မိမိတို့ အာရုံ ဆန္ဒ ပေါ်သလို အသုံး ပြု့နိုင်သည် ဥပမာ…


မိမိနေထိုင်သေယ အိုးအိမ် ခြံမြေ အတွင်း လောကီအစီအမံ ဖြင့် ပြု့လုပ်ထားသည် ကို ထင် မြင်ယူဆရသောအခါ ဖြစ်စေ ဘေးဆိုး ရန်ဆိုး အန္တရာယ်ကပ်ဆိုး ရောဂါ အမျိူးမျိူး တို့ နှင့်တွေ့ကြုံ ရသည်ဖြစ်စေ ၎င်း ရေ များ ကို အောင်သပြေ ၃ ညွန်.. ၅ ညွန့်.. ၇ ညွန့်… စသဖြင့် အိမ်မြေဝိုင်း များကို အရှေ့မြောက် တနင်္ဂနွေ ထောင့် မှ လက်ယာရစ် ပက်ဖျန်း သွား ပါ။


အောင်သပြေပန်းနှင့် ပက်ဖျန်းသောအခါ.. “ဣ တိပိတော ဘဂဝါ ပုဗ္ဗေနိဝါသဉာဏံ ၊ ဣတိပိတော ဘဂဝါ ဒိဗ္ဗစက္ခုဉာဏံ ၊ဣတိပိတော ဘဂဝါ အာသဝက္ခယဉာဏံ” ဟု့ ရွတ်ဆိုပါ။


ဖော်ပြပါ အစွမ်းထက်သော ရေတော် ကျင့်စဉ် ၏ အစွမ်းသတ္တိသည်..


၁။ မပြိုကွဲသောသတ္တိရှိခြင်း


၂။ အညစ်အကြေး ကို ရှင်းလင်းနိုင်ခြင်း


၃။ အေးမြကြည်လင်သော သတ္တိရှိခြင်း


၄။ မွတ်သိပ်ဆာလောင်မှု့ကို ပယ်ဖျောက်နိုင်ခြင်း


၅။ ကျန်းမာရေး ကောင်းမွန်ခြင်း စသော ချမ်းသာ ခြင်း ၅ ပါး နှင့် ပြည့်စုံ စေန်ုင်၏ ။


ရွှေပေါ်ကျွန်းဆရာတော် ( စေတော်ဝင်)