ဖေ့စ်ဘုတ်သုံးတဲ့ အိမ်​​ထောင်​သည်​ မိန်းက​​လေးများ အထူးသတိပြုရန်

2019-08-11 23:49:31


ဖေ့စ်ဘုတ်သုံးတဲ့ အိမ်​​ထောင်​သည်​ မိန်းက​​လေးများ အထူးသတိပြုရန်

အထူးသဖြင့်​ အိမ်​​ထောင်​သည်​မိန်းက​​လေးများကို ရည်​ညွှ​န်းပါသည်


မ​နေ့ည​နေက ကျ​နော်​ထမင်းချက်​​နေတုန်းက cbက​နေ မိ​န်းက​လေးတ​ယောက်​ တုန်​တုန်​ရီရီနဲ့ အကူအညီ လာ​တောင်းတာကို ထိ​ရောက်​တဲ့ အကူအညီ​ပေးယင်းနဲ့ သတိရလို့ ဒီpost ကိုတင်​လိုက်​မိတာပါ


ခုအဖြစ်​အပျက်​က တကယ့်​အဖြစ်​မှန်​ပါ ခံလိုက်​ရတဲ့ ကာယကံရှင်​အိမ်​​ထောင်သည်​​မိန်းက​လေး ကျ​နော့ friထဲရှိပါတယ်​ အသက်​ငယ်​ငယ်​​လေးပါ သူ့ acc ၂ခုကို ​လော့ချဖျက်​လိုက်​ရပါတယ်​ မဖျက်​ယင်​ စာ​တွေပုံ​တွေ ကျန်​​နေမှာမို့ပါ

ကျ​နော့်​friထဲကဖြစ်​ဖြစ်​ fri to friပဲဖြစ်​ဖြစ်​ ကြုံကြိုက်​လို့ သတိ​ပေးပါရ​စေ


တချို့ အရှက်​အ​ကြောက်​ကြီးတတ်​​ပေမဲ့ fb fri request က​နေ မိန်းခ​လေး acc လာaddခဲ့ယင်​ သတိထား လက်​ခံဘို့ အသိ​ပေးပါရ​စေ အစပထမ မိန်းက​လေးအသံကို ဘယ်​ကယူပြီး လာပို့တယ်​မသိဘူး မင်္ဂလာပါအမ မင်္ဂလာပါ ညမဆိုတဲ့ အသံ​လေး အယင်​လာပို့ပါတယ်​ ခန​နေယင်​ အမက အိမ်​​ထောင်​သည်​လား​မေးပါတယ်




အိမ်​​ထောင်​ရှိယင်​ sex ကိစ္စ အ​တွေ့အကြုံ စပ်​စုသလိုလိုနဲ့ တကိုယ်​လုံးချွတ်​ထားတဲ့ပုံ အပြန်​အလှန်​ပို့ကြမယ်​လို့ အ​ပေးအယူ လုပ်​လာပါတယ်​ အမ ​ယောကျားနဲ့ ဆက်​ဆံ​နေတဲ့ပုံ ပြပါလားဘာညာ​ပေါ့ သူက​တော့ ဘယ်​ကယူလာတယ်​မသိတဲ့ တုံးလုံးချွတ်​ပုံတပုံ ပို့လာပါတယ်​ အမလဲ ပြန်​ပို့ဆိုပြီး​တောင်းဆိုလာပါတယ်


အသံလဲကြားဘူးထားသလို သူ့ပုံ​တောင်​ပြ​သေးတာ ငါလဲ ပြန်​ပြတာ မိန်းက​လေးချင်းချင်း ဘာမှ မဖြစ်​ပါဘူး စိတ်​ထင်​ထင်​ပြီး ပြန်​ပို့မိပါ​လေ​ရော အကြံသမားဆို​တော့ ရသမျှပုံ​တွေ အကုန်​ save ယူထားပါ​လေ​ရော လိုအပ်​တဲ့ပုံအ​ရေအတွက်​ရပြီဆိုမှ သူဟာ​ယောကျား​လေးတ​ယောက်​ဖြစ်​​ကြောင်း ဖွင့်​ဟလာပြီး ​ရှေ့ဆက်​ sex ချက်​ဘို့အထိ ​တောင်းခံလာပါတယ်


မချက်​ယင်​ ပုံ​တွေလိုင်း​ပေါ်ဖြန့်​မယ်​လို့ ချိန်း​ခြောက်​ပါ​တော့တယ်​ ကာယကံရှင်​မိန်းက​လေးက ပုံ​တွေ​တောင်​မဖျက်​တတ်​ပါဘူး ​ကြောက်​လန့်​ပြီး အသက်​ရှူမှား​နေပါပြီ သူ့​ယောကျားသိယင်​ အမှန်​တကယ်​ တခြား​ယောကျားနဲ့​ဖောက်​ပြန်​တယ်​ထင်​ပြီး ကွဲရ​တော့မှာ ကျိန်း​သေသ​လောက်​ရှိ​နေပါပြီ ကျ​နော့ကို တိုင်​ပင်​တဲ့အခါ တုန်​ရီပြီး​ပြောရှာပါတယ်


ညမ​ယောကျားနဲ့​တော့ မကွဲချင်​ဘူးအကိုရယ်​ ကူညီပါဆို​တော့ မနည်းစဉ်းစားရပါတယ်​ ဘယ်​လိုကူညီရမလဲ​ပေါ့ ညမ acc အကို့​ပေးဆို​တော့ password​တွေ မမှတ်​မိ​တော့ အချိန်​အကြာကြီး pass အသစ်​ရ​အောင်​ လုပ်​ယူရပါတယ်​ acc က၂ခုပါ လူယုတ်​မာကို အချိန်​ဆွဲထားပြီး တခြား acc ကိုဝင်​​နေချိန်​မှာ ​နောက်​ acc အထိ လာချိန်း​ခြောက်​ပါတယ်


ကျ​နော်​သူ့acc ဝင်​လို့ရ​တော့ ကြည့်​လိုက်​​တော့ ဟုတ်​တယ်​ဗျာ သူစည်းရုံးသိမ်းသွင်းပြီး ​တောင်းယူထားတဲ့ ပုံ​တွေ အများကြီးမှ အများကြီး acc က ဖုန်းနဲ့ ဖွင့်​ထားတာဆို​တော့ gmil ချိန်းပြီး pass ချိန်းပြီး ​လော့ချပစ်​လိုက်​ရတယ်​ တခု​တော်​သွားတာက ​ကောင်​မ​လေးက ​နေရပ်​လိပ်​စာနဲ့ ဖုန်းနံပါတ်​မ​ပြောမိတာ ကံ​ကောင်းသွားတယ်


အာ့နဲ့ လူယုတ်​မာ acc ကိုကြည့်​​တော့ friနဲ့ပဲတင်​​တော့ ကြည့်​လို့မရတာနဲ့ စိတ်​ဝင်​စား​လောက်​တဲ့ မိန်းက​လေး acc နဲ့ add လိုက်​​တော့ သ​ကောင့်​သားလက်​ခံပြီး လာစကား​ပြောပါ​လေ​ရော မမ စိတ်​ဝင်​စားလား ဘာလားညာလားဆိုပြီး မိန်းမအသံ အယင်​လာပို့တယ်​ ဟိုက​လေးမဆီပို့တဲ့ အသံ အတိအကျပဲ


ကျ​နော်​ ​ရှေ့ဆက်​မ​ပြော​တော့ပဲ ထားပစ်​ခဲ့တယ်​ ​ပြောချင်​တာက သူ့အလိုမလိုက်​ယင်​ ဘဝဖျက်​မယ်​ဆိုတဲ့သ​ဘော ကာယကံရှင်​ကလဲ ​ဖောက်​ပြန်​တာ မဟုတ်​​ပေမဲ့ ​ဖောက်​ပြန်​သလိုဖြစ်​သွားတတ်​တယ်​လို့ဆိုလိုတာပါ​ လူယုတ်​မာ wall ထဲကြည့်​လိုက်​​တော့ သူ့ရဲ့ အခြားacc က​နေ tag တွဲတင်​ထားတာ မြင်​မ​ကောင်းဘူး sex ချက်​သည်​ mpt bill3000တို့ဘာတို့​ပေါ့


အမှန်​က tag တွဲတဲ့ acc ​တွေကလဲ သူ့acc ​တွေပဲ.. သူ့အလိုမလိုက်လို့ ညာဏ်​ဆင်​ပြီးရထားတဲ့ပုံ​တွေတင်​ပြီး သိက္ခာချ​နေတာ​လေ ပူးတွဲပြီး ပုံထည့်​ပးထားပါတယ်​ အဲ့​တော့ မိန်းက​လေး acc ဆိုပြီး ထင်​ရာမ​ပြောမ​ပေးမိပါ​စေနဲ့လို့ ​ပြောလိုတာပါဗျာ သူ့ acc  ​အောက်​မှာ ချ​ပေးထားပါတယ်​ သတိထား​ရှောင်​နိုင်​​အောင်​​ပေါ့ ဗျာ။


စာရေးသူ – Soe Tint