မိခင်ဖြစ်သူက သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရသွား ကာ မီးဖွားရင်း သေဆုံးသွား​ပြီးလောကအလယ်တစ် ယောက်ထဲကျန်ရစ်ခဲ့တဲ့သမီးလေးကို မွေးစားဖို့ဆုံးဖြတ် လိုက်တဲ့ ခိုင်နှင်းဝေ


မိခင်ဖြစ်သူက သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရသွား ကာ မီးဖွားရင်း သေဆုံးသွား​ပြီးလောကအလယ်တစ် ယောက်ထဲကျန်ရစ်ခဲ့တဲ့သမီးလေးကို မွေးစားဖို့ဆုံးဖြတ် လိုက်တဲ့ ခိုင်နှင်းဝေ

CeleGabar ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်ဆိုတဲ့အတိုင်း ပရဟိတလုပ်ငန်းတွေကိုအမြဲတိုးချဲ့လုပ်ဆောင် နေတဲ့ သူတစ်ယောက်ပါ။ အလှူအတန်းတွေကို တရစပ်ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာ သူ့ရဲ့ ခိုင်နှင်းဝေရင်သွေး လေး များ ဂေဟာကိုရောက်ရှိနေတဲ့ကလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့အပြင် အကူအညီတောင်းခံနေတဲ့နေရာတွေကိုလည်း ဆက် တိုက်သွားရောက်လှူဒါန်းလျက်ရှိတာပါ။


ဒီနေ့မှာတော့ ”ခရီးသွားရင်း အကြောင်းအကျိုး ပဌာန်းဆက်တွေကြောင့်သမီးလေး တစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ပါဦးမယ်ရှင်. .သ ထုံဘက်မှ အမေက (၁၅) နှစ် သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရသွားကာ မီးဖွားရင်း သေဆုံးသွားပါတယ်..ကျန်ရစ်သူ သမီးလေးမှာ အ ဘွားနဲ့နေရင်း ဘွားအေမှာလဲ ဆုံးပါးသွားတဲ့ အတွက် ဆက်လက် စောင့်ရှောက်ဘို့ တစ်ဦး တစ်ယောက်မှ မရှိတော့တဲ့ အတွက် ကျမတို့ “ခိုင်” မိသားစု ဂေဟာမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်သွားဖြစ်ပါမယ်ရှင်……”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမှာ တင်လာခဲ့တာပါ။




မိခင်ဆုံးပြီး စောင့်ရှောက်နေတဲ့အဘွားကပါဆုံးသွားခဲ့တာကြောင့် တစ်ယောက်ထဲလောကအလယ်မှာကျန်နေခဲ့တဲ့ချစ်စရာသမီးကိုခေည် ယူမွေးစားမယ့်ခိုင်နှင်းဝေရဲ့စေတနာမေတ္တာကတော့ တကယ့်ကို လေးစားစရာပါ။ CeleGabarပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ ပရဟိ တလုပ်ငန်းတွေပိုပိုအောင်မြင်ပြီး လှူဒါန်းနိုင်ဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။



Koe-CeleGabar


Source – Khine Hnin Wai